MIC က စက်တင်ဘာလအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် ၆ ခု ခွင့်ပြုပေးခဲ့

အောက်တိုဘာ ၁၆

       ပြီးခဲ့သည့် စက်တင်ဘာအတွင်းတွင် မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC)မှ လျှပ်စစ်၊ စက်မှု၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ စသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ် ၆ ခုကို ခွင့်ပြုပေးခဲ့သည်ဟု သိရပါ သည်။

       ခွင့်ပြုပေးခဲ့သည့် ရင်းနှီးမြှုပ်နှံမှုများထဲတွင် ဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၈ ခု၏ မတည်ငွေရင်းတိုး မြှင့်ခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် ၆ ခုကို ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပြီး  ၎င်းလုပ်ငန်းများမှာ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အမျိုးအစား လျှပ်စစ် ဓာတ်အားထုတ်လုပ်သည့် လုပ်ငန်းများ ပါဝင်သည်ဟု သိရသည်။

        ထို့အပြင် ယင်းလုပ်ငန်းများ၏ ရင်းနှီးမြှုပ် နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ  ၇၂သန်းကျော်ဖြစ်ပြီး ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်း ပေါင်း ၂,၆၀၀ ကျော်ကို အလုပ်အကိုင် ဖန်တီးပေးနိုင်မည် ဖြစ် ကြောင်း သိရပါသည်။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ၂၀၂၃ ခုနှစ် ဩဂုတ် လကုန်အထိစာရင်းများအရ မြန်မာနိုင်ငံတွင် ရင်းနှီး မြှုပ်နှံထားသည့် နိုင်ငံ/ဒေသပေါင်း ၅၂ ခုအနက် ရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံများမှာ စင်္ကာပူ၊ တရုတ်နှင့် ထိုင်းနိုင်ငံတို့ ဖြစ်ကြပြီး မြန်မာ့စီးပွားရေး ကဏ္ဍ ၁၂ ခုအနက် လျှပ်စစ်ကဏ္ဍမှာ အများဆုံးရင်းနှီးမြှုပ်နှံထားသည်ဟုလည်း သိရပါသည်။

#PAN