အောက်တိုဘာ ၆
ယနေ့မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်အချိန််ခန့်တွင်နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ဆင်ဖြူတောင်ခြေရှိ ရွှေကျင်းဟောင်းအတွင်း ရွှေ တူးရာမှ မြေပြိုကျမှု့ဖြစ်ပွားခဲ့ပြီး လူနှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
အခင်းဖြစ်စဉ်မှာ ဆင်ဖြူတောင်ခြေရှိ ရွှေတူးဖော်သည့် ကျင်းဟောင်းအတွင်းသို့ ဝင်ရောက်၍ ရွှေတူးဖော်ရာမှ မြေပြိုကျပြီး လူပိတ်မိနေခြင်းဖြစ် ကြောင်း၊ ကျင်းအတွင်းပိတ်မိနေသူ အမျိုး သားသုံးဦးအနက် နှစ် ဦးသေဆုံးပြီး တစ်ဦးမှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ယင်းနေရာသို့ ပျဉ်းမနားမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ထွက်ခွာဆောင်ရွက်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူနှင့် သေဆုံးသူတို့အား မြို့နယ် ကြက်ခြေနီအသင်းယာဉ်နှင့် မိုးစေတနာ ပရဟိတ အသင်းယာဉ်များဖြင့် ပျဉ်းမနားမြိုနယ် ကုတင်(၂၀၀)ဆေးရုံသို့ ပို့ ဆောင်ပေးခဲ့ကြောင်း သိရသည်။
#PAN