ဒီရေမြင့်တက်မှုကြောင့် စက်စဲကမ်းခြေ အနည်းငယ်ပျက်စီးမှုဖြစ်ပွား

စက်တင်ဘာ ၂၉

ခရီးသွားဧည့်သည်များအလည်အပတ်ရှိနေသည့် သံဖြူဇရပ်မြို့နယ် စက်စဲကမ်းခြေ၌ ယနေ့ မွန်းလွဲတွင် ဒီရေမြင့်တက်မှုကြောင့် ကမ်း​​ခြေ၏ နေရာအချို့ ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရှိရသည်။

“ဒီကနေ့က ရေတက်ရက်လည်းဖြစ်တယ်။ စက်စဲကမ်းခြေမှာ ယခင်နှစ်တွေနဲ့မတူပဲ ရေက ၂ပေခွဲ​ေလာက်ပိုတက်လာတယ်။ မိုးကလည်းရွာနေတယ် ဒီနေ့က လပြည့်ဆိုတော့ ဧည့်သည်တွေကလည်းကျတယ်။ လေကာပင်တွေနည်းနည်းလဲတယ်။ ကမ်းခြေက ​ဒီရေတားတွေပေါ့လေ နည်းနည်းပျက်တယ် ဒီလောက်ပါပဲ။ ရေတက်ချိန်ကတော့ ဧည့်သည်တွေ ကမ်း​ခြေဆင်းလို့မရဘူး တားမြစ်ထားတယ်။ ရေပြန်ကျသွာရင်တော့လည်း ပုံမှန် ပြန်ဖြစ်သွားတာပါ “ဟု စက်စဲကမ်းခြေကိုအမှီပြုပြီး ဒေသထွက်ပစ္စည်းများရောင်းချသူတစ်ဦးမှ PAN ကိုပြောသည်။

ဒီကနေ့ စက်တင်ဘာလ ၂၉ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်ကစတင်ကာ ဒီရေမြင့်တက်မှုဖြစ်ပွားကြောင်းသိရှိရပြီး ကမ်းခြေရှိဆိုင်ခန်းများ ၊ အုတ်နံရံများနှင့် ထင်းရူးပင်အချို့ ပြိုကျပျက်စီးခဲ့သော်လည်း သေဆုံး ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရှိရသည်။