ဗဟန်းမြို့နယ်၊ အင်းယားမြိုင်လမ်းတွင် မီးလောင်မှုဖြစ်ပွား


စက်တင်ဘာ၂၉

ယနေ့နံနက် ၁၀နါရီ ၁၉ မိနစ်အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား(၂)ရပ်ကွက်၊ အင်းယားမြိုင်လမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။


အဆိုပါ မီးလောင်သည့်နေရာသို့ နောက်ပိုင်းခရိုင်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ စမ်းချောင်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီး၊ လှိုင်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ အလုံမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ ကမာရွတ်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီးတို့ဖြင့် မီးငြိမ်းသတ်ရာ နံနက်၁၀နါရီ ၃၃မိနစ် အချိန်ခန့်တွင် မီးငြိမ်းနိုင်ခဲ့ကြောင်း သိရသည်။

မီးလောင်မှု့ကြောင့် ထိခိုက်၊ဒဏ်ရာရ၊ပျက်ဆီး၊ဆုံးရှုံးမှုတန်ဖိုးကို သက်ဆိုင်ရာမှ စစ်​ဆေးလျက်ရှိကြောင်း သိရသည်။