စက်တင်ဘာ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ မကျီးခွကျေးရွာအနီးတွင် အကြမ်းဖက် PDF များ စခန်းချအခြေပြုနေကြောင်း သတင်းအရ နယ်မြေလုံခြုံရေးအဖွဲ့များက ယမန်နေ့တွင် သွား ရောက်ရှင်းလင်းတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် PDF များ ကစဥ်ကလျား ကိုယ်လွတ်ရုန်း ထွက် ပြေးသွားကြရကြောင်း သိရပါသည်။
အဆိုပါ အကြမ်းဖက် PDF များ စခန်းကိုသိမ်း ပိုက်ပြီးနောက် စခန်းအတွင်းရှင်းလင်းရာ လက်လုပ်သေနတ်- ၁၆ လက်၊ အေကေ- ၁ လက်၊ ကျည်အိမ်- ၁၁ ခု၊ ကျည်မျိုးစုံ- ၃၈၇တောင့်၊ လက်လုပ် ၄၀မမဗုံးသီး- ၃ လုံး၊ လက်လုပ်လက်ပစ်ဗုံး- ၁လုံး၊စိန်ပြောင်းဗုံးသီး- ၂၂လုံး၊ လက်လုပ် Drop Bomb ၄၉လုံး၊ ကျည်ကာအင်္ကျီ- ၅ထည်၊လမ်း လျှောက်စကားပြောစက်- ၄လုံး၊ လက်လုပ်ရီမု- ၁လုံး၊ Drone ၇ စီး၊ Drone ပန်ကာ – ၁၅ ခု၊Drone camera- ၁၆ခု၊ Drone အားသွင်းကြိုး- ၈ခု၊ တွင်ခုံ- ၁ခု၊ ဆိုင်ကယ်- ၁ စီးတို့နှင့်အတူ အကြမ်းဖက် သမား PDF ၅ ဦး ကို အသေဖမ်းဆီးရမိခဲ့ကြောင်း သိရှိရပါသည်။
ထိုနည်းတူ ယနေ့ နံနက် ၁၀ နာရီခွဲအချိန်ခန့်တွင် မြောင်မြို့နယ်၊ မကျီးကန်ရွာအနီး နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များသည် သေနတ်လွယ်၍ ဆိုင်ကယ်မောင်းနှင်လာသည့် အကြမ်းဖက် PDF တစ်ဦးကို ပစ်ခတ်ဖမ်းဆီးရာ အမ်-၂၂ သေနတ် ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၁ တောင့်၊ ဆိုင်ကယ် ၁ စီးတို့နှင့်အတူ အကြမ်းဖက် သမား PDF ၁ ဦးကို အသေဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိပါသည်။
ယခုရက်ပိုင်းအတွင်း နယ်မြေလုံခြုံရေးတပ် ဖွဲ့ဝင်များသည် နယ်မြေရှင်းလင်းရေးများကို အရှိန်မြှင့်ဆောင်ရွက်လျှက်ရှိရာ အကြမ်းဖက် PDF များနှင့် ထိတွေ့တိုက်ပွဲများနေစဥ်ဖြစ်ပွားလျှက်ရှိပြီး အကြမ်းဖက်အဖွဲ့များမှာ ကစဥ်ကလျား ဆုတ်ခွာထွက်ပြေးကြရကာ ၎င်းတို့၏ လက်နက်၊ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများကို ဆက်တိုက်ဆိုသလို သိမ်းဆည်းရမိနေကြောင်း သိရပါသည်။
#PAN