“အီရတ်နိုင်ငံတွင် ခရစ်ယာန်ဘာသာ မင်္ဂလာဆောင် ပွဲကျင်းပနေစဥ်အတွင်း မီးလောင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရပြီး လူ ၁၀၀ ကျော် သေဆုံးခဲ့ရကာ လူ ၁၅၀ ကျော်ထိခိုက် ဒဏ်ရာရရှိခဲ့”

စက်တင်ဘာ ၂၇

အီရတ်နိုင်ငံ မြောက်ဘက်အစွန်းပိုင်းရှိ Nineveh ပြည်နယ် Hamdaniya ခရိုင်တွင် မင်္ဂလာဆောင်ပွဲ တစ်ခု၌ မီးလောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူ ၁၀၀ ကျော် သေဆုံးပြီး ၁၅၀ ထိခိုက် ဒဏ်ရာများ ရရှိခဲ့ရပြီး အဆိုပါ မင်္ဂလာဆောင် ပွဲကျင်းပခဲ့ သည့် အဆောက်အအုံ အပျက်အဆီး များကြားရှိအသက်ရှင်ကျန်ရစ်သူများအတွက် အီရန် နိုင်ငံ အရပ်ဘက် ကာကွယ်ရေး တပ်ဖွဲ့များက ရှာဖွေမှုများပြုလုပ်ခဲ့ကြပါတယ်။

အီရတ်နိုင်ငံ မြောက်ပိုင်းတွင် ခရစ်ယာန် ဘာသာ ဆိုင်ရာ မင်္ဂလာပွဲကျင်းပနေသည့် ခန်းမဆောင် တစ်ခု အတွင်း မီးလောင်ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ လူ ၁၀၀ ထက်မနည်း သေဆုံးခဲ့ရ ပြီး လူ ၁၅၀ ကျော် ဒဏ်ရာများရရှိခဲ့ကြောင်း အီရန်နိုင်ငံ၏ အာဏာပိုင်များက ယနေ့ စက်တင်ဘာ ၂၇ရက် ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်ကြေညာ​ ခဲ့ပြီး နောက် သေဆုံးသူ အရေအတွက် မြင့်တက်လာ နိုင်ကြောင်း လည်း ထပ်လောင်း သတိပေးထုတ်ပြန်ခဲ့ပါတယ်။

ထို့နောက် အီရတ်နိုင်ငံ၏ ကျန်းမာရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Saif al-Badr က အစိုးရပိုင် အီရတ်သတင်း အေဂျင်စီမှတစ်ဆင့် အသေအပျောက် စာရင်းများ ကို ထုတ်ပြန်ပေးခဲ့ပြီး “ကံမကောင်းသောမတော်တဆမှုကြောင့် ထိခိုက်သူများအားကယ်ဆယ်ရေးများလုပ်ဆောင်ရန်အားလုံးကြိုးပမ်းအားထုတ်ခဲ့ကြတယ်”လို့ al-Badr က ပြောကြားခဲ့ပါတယ်။

အီရတ်နိုင်ငံ ဝန်ကြီးချုပ် Mohammed Shia al-Sudani ကလည်း အဆိုပါ မီးလောင်ပေါက်ကွဲမှု နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရန် အမိန့်ပေးခဲ့ပြီး ကယ်ဆယ် ရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန် အိီရတ် ပြည်ထဲရေးနှင့် ကျန်းမာရေးတာဝန်ရှိသူများကို တောင်းဆိုခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်လို့ သတင်းဌာနများ ကဖော်ပြပြောဆိုနေကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *