“အမေရိကန် နိုင်ငံ နှင့် ပိုလန် နိုင်ငံတို့အကြား နှစ်နိုင်ငံ စစ်ရေးဆိုင်ရာ ပံ့ပိုးကူညီမှုအနေဖြင့် ကန်ဒေါ်လာ ၂ဘီလီယံ ချေးငွေ အစီအစဥ် အား အမေရိကန် အစိုးရက လက်မှတ် ရေးထိုးပေးခဲ့”

စက်တင်ဘာ ၂၆

အမေရိကန် အစိုးရက ပိုလန်နိုင်ငံ၏ နိုင်ငံ့ကာကွယ်ရေး ဆိုင်ရာများ ခေတ်မီရေး အစီအစဉ်ကို ပံ့ပိုးကူညီရန် တိုက်ရိုက် ချေးငွေ အဖြစ် ကန်ဒေါ်လာ ၂ ဘီလီယံ သဘောတူညီချက်ကို အမေရိကန် ပြည်ထောင်စုအစိုရး က လက်မှတ်ရေး ထိုးခဲ့ကြောင်း ပိုလန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြီးခဲ့သည့် တနင်္လာနေ့တွင် ပြောကြားခဲ့ပါတယ်။

ရုရှားတို့က ယူကရိန်းတို့ကို ကျူးကျော် တိုက်ခိုက်ခဲ့ ပြီးနောက် ပိုလန်အစိုးရ က ၎င်းတို့နိုင်ငံစစ်တပ် ၏ လက်နက် ကိုင်တပ်ဖွဲ့ များကို မြှင့်တင်ရန် ကြိုးပမ်းနေချိန်တွင် အမေရိကန် – ပိုလန် နှစ်နိုင်ငံ၏ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်ရန် နိုင်ငံခြားရေး နှင့် စစ်ရေးဆိုင်ရာ ဘဏ္ဍာငွေ သဘောတူညီချက်ကို လက်မှတ်ရေး ထိုးခဲ့ကြတာဖြစ်ပါတယ်။

“အိမ်နီးနားချင်း ယူကရိန်းနိုင်ငံကို နိုင်ငံတကာ အကူအညီတွေ ပေးရာမှာ အဓိက ပံ့ပိုးကူညီတဲ့ အခန်းကဏ္ဍအပြင် ပိုလန်ဟာ ကာကွယ်ရေး အသုံးစရိတ်မှာ ခိုင်မာတဲ့ ရင်းနှီးမြုပ်နှံမှုတွေနဲ့ ဒေသတွင်း လုံခြုံရေး ခိုင်မာစေရေး ဆိုင်ရာများကိုပါ ပြသခဲ့ပါတယ်” လို့ ပိုလန် နိုင်ငံခြားရေးဌာနက ပြီးခဲ့သည့် တနင်္လာနေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ပိုလန်သည် အမေရိကန်၏ ထိပ်တန်း မဟာမိတ် နိုင်ငံလည်း ဖြစ်ပြီး ယခုနှစ်တွင် နေတိုး၏ စစ် အသုံးစရိတ်ဇယားတွင် ထိပ်ဆုံးမှ ရပ်တည်နေခဲ့ပါတယ် လို့ သတင်းဌာနများ ကဖော်ပြပြောဆိုထားကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *