အများပြည်သူသွားလာအသုံးပြုသောနေရာတွင်အကြမ်းဖက် NUG ရဲ့စေခိုင်းမှုအရ KNU PDF ပူးပေါင်းအဖွဲ့များကဗုံးခွဲဖျက်ဆီး


စက်တင်ဘာ ၂၅

    ယနေ့ နံနက် ၅ နာရီ ၅၅ မိနစ်ချိန်ခန့်က ပဲခူးတိုင်းဒေသကြီး ၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့၊ ရှမ်းကြေးရပ်ကွက်၊ ဘောလုံးကွင်းလမ်း၏ တောင်ဘက်ရှိ လမ်းမီးလျှပ်စစ်မီးတိုင်အနီးတွင် လက်လုပ်မိုင်း (၁) လုံးပေါက်ကွဲခဲ့ကြောင်းသိရသည်။ အဆိုပါ ပေါက်ကွဲမှုကြောင့် ဓါတ်တိုင်ပေါ်မှ 11 KV လျှပ်စစ်မီးကြိုး(ACSR ကြိုး အမျိုးအစား) ၁ ချောင်း၊ 400 V ကြည်းကြိုး အမျိုးအစား (၂) ချောင်းပြက်တောက်ခဲ့ရပြီး အဆိုပါ ဓါတ်တိုင်အနီးတွင် ပျံကျဈေးရောင်းနေသောပြည်သူ ဒေါ်မြခတ် (၅၂) နှစ် (ဘ) ဦးတင်ရွှေ၊ ထမင်းကြော်ရောင်း၊ ဂန်းဂေါ်ဝိုင်းရပ်ကွက်၊ ရွှေကျင်မြို့နေသူတွင် ဝမ်းဗိုက် ရင်ညွန့် အစမှန်ဒဏ်ရာ(အတွင်းလူနာ/စိုးရိမ်ရ) ရရှိခဲ့ပြီး ဆေးရုံသို့တင်ပို့ဆေးကုသနေကြောင်းသိရသည်။လျှပ်စစ်ကြိုးပျက်စီးမှု ခန့်မှန်း တန်ဖိုး (၃၀၀၀၀၀) ကျပ်ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရပါသည်။ထပ်မံ၍ ယနေ့နံနက် ၁၀ နာရီခွဲအချိန်ခန့်တွင်လဲ ရွှေကျင်မြို့ရှိ ယခင်နေရာ

စည်ပင်ရုံးရှေ့ မြို့မဈေးအနီးတွင် အကြမ်းဖက်အဖွဲ့ NUG ၏စေခိုင်းမှု့အရ ၄င်း၏လက်အောက်ခံအဖွဲ့ KNU+ PDF များမှချိန်ကိုက်ဗုံး တစ်လုံးထပ်မံ၍ ဖောက်ခွဲခဲ့ကြောင်းသိရသည်။
ပဲခူးတိုင်းဒေသကြီးအရှေ့ဘက်ခြမ်းတွင် CRPH.NUG အဖွဲ့၏စေခိုင်းမှု့အရ လက်အောက်ခံ KNU.PDF များမှ နေ့စဉ်အကြမ်းဖက်လုပ်ငန်းများကို လုပ်ဆောင်လျှက်ရှိနေပြီး အကြမ်းဖက်အဖွဲ့၏လုပ်ရက်များအပေါ် ဒေသခံပြည်သူအများမှ စက်ဆုပ်ရွံရှာလျှက်ရှိပြီး အကြမ်းဖက်များသတင်းများကို သက်ဆိုင်ရာထံပေးပို့ဖော်ထုတ်လျှက်ရှိကြောင်း သတင်းရရှိပါသည်။