စွပ်စွဲမှုတွေကို ဂရုစိုက်နေမှာမဟုတ်ဘူးလို့ မိုဟာမက်ဘင်ဆယ်လ်မန် ပြောကြား

စက်တင်ဘာ ၂၄

      ဆော်ဒီမင်းသား မိုဟာမက်ဘင်ဆယ်လ်မန် က မိမိအနေနဲ့ အားကစားပုံရိပ်ကို အကာအကွယ်ယူ အသုံးချ နေတယ်လို့ စွပ်စွဲမှုများကို ဂရုစိုက်မှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

       ဆော်ဒီအစိုးရတာဝန်ရှိသူများဟာ လူ့အခွင့် အရေးချိုးဖောက်မှုများကို အားကစားပုံရိပ်များနဲ့ ဖုံးကွယ်နေပြီး ဆော်ဒီလိဂ်ပြိုင်ပွဲကို ကမ္ဘာ့ထိပ် တန်းလိဂ်တစ်ခုဖြစ်အောင် ကြိုးပမ်းနေခြင်းမှာ ယင်းကဲ့သို့ ပြုမူခြင်းသာဖြစ်ကြောင်း စွပ်စွဲမှုများရှိနေသည်။

      သို့သော် Fox News နှင့် တွေ့ဆုံခဲ့တဲ့ အင်တာ ဗျူးအစီအစဉ်မှာ ဘင်ဆယ်လ်မန် က စွပ်စွဲမှုများကို ဂရုစိုက်မည် မဟုတ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

      ဆော်ဒီအစိုးရအနေနဲ့ PIF လို့ အမည်ပေးထားတဲ့ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတစ်ခုထူထောင်ကာ ကမ္ဘာ့အားကစား လောကမှာ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နေတဲ့အပြင် လက်ရှိအချိန်မှာ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲအတွက် ငွေကြေးသုံးစွဲမှု များစွာ ပြုလုပ်လျက်ရှိပါတယ်။

#PAN