ပျော်ဘွယ်မြို့နယ်၊ ပေပင်ရှည်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ကို သတ်ဖြတ်သွားသူ အကြမ်း ဖက်သမား PDF ၃ ဦးကို ပြည်သူများ၏ သတင်းပေးပို့မှုအရ နယ်မြေလုံခြုံရေးပူးပေါင်းအဖွဲ့က သွားရောက်ရှင်းလင်း၊ ထိတွေ့မှုဖြစ်ပွား

စက်တင်ဘာ ၂၄

      ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်ခန့်တွင်မန္တလေး တိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ပေပင်ရှည်ကျေး ရွာအုပ်စု၊ ရွာသစ်ကျေးရွာနေ ပေပင်ရှည်အုပ်စု အုပ် ချုပ်ရေးမှူး ဦးလှမြင့် ကို အမည်မသိ အကြမ်းဖက် သမား PDF ၃ ဦးက ၎င်း၏နေအိမ်၌ ပစ်ခတ်သတ် ဖြတ်ပြီး ဆိုင်ကယ်ဖြင့် ထွက်ပြေးသွားကြောင်း သတင်းထုတ်ပြန်ပြီး ဖြစ်ပါသည်။

     အဆိုပါ အုပ်ချုပ်ရေးမှူး ဦးလှမြင့် ကို ပစ်ခတ်သွားသူ အကြမ်းဖက်သမား PDF(စိစစ်ဆဲ) ၃ ဦးမှာ ညောင်ကုန်းကျေးရွာဘက်သို့ ရောက်ရှိနေကြောင်း တာဝန်သိပြည်းသူများက နယ်မြေခံတပ်နယ်သို့ သတင်းပေးပို့လာမှုကြောင့် နယ်မြေလုံခြုံရေးပူးပေါင်းအဖွဲ့က သွား ရောက်ရှင်းလင်းခဲ့ကြောင်း သိရသည်။

 

     ထိုသို့ သွားရောက်ရှင်းလင်းရာမှ ယမန်နေ့ ညနေ ၅ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် ပျော်ဘွယ်မြို့နယ်၊ ညောင်ကုန်းကျေးရွာတောင်ဘက် ကိုက် ၁၀၀ ခန့်အကွာ ပျော်ဘွယ် – နတ်မောက်ကားလမ်း မိုင်တိုင် (၂၁/၁)၊တောင်ညောင်ကုန်းတိုက်နယ်ဆေးရုံရှေ့ အရောက်တွင် အဆိုပါ အကြမ်းဖက် PDF ၃ ဦးနှင့် အပြန်အလှန် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း၊ အကြမ်းဖက်သမား ၂ ဦးမှာ တောင်ညောင်ကုန်းကျေး ရွာနေ ဦးမောင်ရဲ၏ လော့ဂျာ – ၁၁၀ အနက်ရောင်ဆိုင်ကယ်ကို လုယူ၍ ဆည်လယ်ကျေးရွာ၊ နတ်မောက်မြို့ဘက်သို့ ထွက်ပြေးသွားခဲ့ကြောင်း၊ ကျန်အကြမ်းဖက် PDF တစ်ဦးဖြစ်သော ရဲနိုင်၊ ၂၁ နှစ်၊ (ဘ) ဦးမြင့်ကျော်၊ ဗမာ/ဗုဒ္ဓ၊ ကျဘမ်း၊ အိုင်းမကျေး ရွာ၊ ကုလားရှည်ကျေး ရွာအုပ်စု၊ မြို့သစ်မြို့နယ်၊ မကွေးတိုင်းဒေသကြီးနေသူကို ယာလက်မောင်း ကျည်ဖောက်ဝင်ဒဏ် ရာ ၁ ချက်၊ ယာပေါင်ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်(စိုးရိမ်ရ)ဖြင့် ဖမ်းဆီးရမိခဲ့ရာ ညနေ ၆ နာရီ ၂၅ မိနစ်အချိန်ခန့်တွင် ညောင်ကုန်းတိုက်နယ်ဆေးရုံသို့ ရဲဆေးစာနှင့်အတူ ပို့ဆောင်ကုသစဥ် ည ၇ နာရီ ၁၀ မိနစ်အချိန်ခန့်က တိုက်နယ်ဆေးရုံ၌ သွေးထွက်လွန်ပြီး သေဆုံးသွားခဲ့ကြောင်း သိရပါသည်။

       အဆိုပါ သေဆုံးသူ အကြမ်းဖက်သမား PDF ရဲနိုင် ထံမှ ၁၂ ဗို့ကျည် ၃၀ တောင့်၊ ၇.၆၂ × ၃၉ ကျည် ၃၁ တောင့်၊ ဂရီနာကျည်ခါးပတ် ၁ ခု၊ အရိုးအသွား ၆ လက်မခန့်ရှိ စတီးဓါး ၁ ချောင်း ၂၉ယ/၃၂၁၉၈ နံပါတ်ပါ Kanbo CZL -125 အနက်ရောင် ဆိုင်ကယ် ၁ စီးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN