တနင်္သာရီတိုင်း​ဒေသ​ကြီး၊ ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့ရှိ ဥယာဥ်ခြံ လုပ်သားများကို လူသတ်အကြမ်းဖက် PDF အဖွဲ့များမှ မကြာခဏ လာရောက်၍ သတ်ဖြတ်


စက်တင်ဘာ ၂၂

တနင်္သာရီတိုင်း​ဒေသ​ကြီး၊ ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်၊ ကနောင်လမ်းတွင် နေထိုင်သူတစ်ဦးကို လူသတ်အကြမ်းဖက် PDF အဖွဲ့များမှ  ၎င်းပိုင် ရာဘာခြံတွင် ယမန်​​နေ့ နံနက် ၄ နာရီအချိန်ခန့်က လာရောက်၍ ရက်ရက်စက်စက် ပစ်သတ်သွားကြောင်း သိရှိရပါသည်။

​​ဖြစ်စဥ်မှာ ဦးခင်မြင့် ၆၂ နှစ်၊ (ဘ) ဦးလုံးဖေသည် ခမောက်ကြီးမြို့ အမှတ် ၄ ချောင်းရှိ ၎င်းပိုင်ရာဘာခြံတွင် ရာဘာ‌အစေးလှီးနေစဉ် လူသတ်အကြမ်းဖက် PDF အဖွဲ့များက​သေနတ်​ဖြင့် ပစ်ခတ်သ​ဖြင့် အခင်းဖြစ်နေရာတွင် သေးဆုံးသွားခဲ့ရကြောင်း သတင်းရရှိပါသည်။

ထိုနည်းတူ သြဂုတ်လ ၂၂ ရက်နေ့ကလည်း ခမောက်ကြီးမြို့၊ အမှတ် ၄ ရပ်ကွက်နှင့် အောင်ချမ်းသာကျေးရွာကြား ကားပျက်တောင်‌(ဒေသအခေါ်)ခြေရှိ ဥယျာဉ်ခြံတွင် နေထိုင်သူ ဦးခင်မောင်ထွေးကို လည်းကောင်း၊ ယုဇနဆီအုန်းကုမ္မဏီမှ ခမောက်ငယ်ပျိုးခင်းဇုန်တာဝန်ခံ ဦကျော်သန့်ဇင် အားလည်းကောင်း အ​ကြ​မ်းဖက် PDF အဖွဲ့မှ လူသားဆန်မှု့ ကင်းမဲ့စွာ သတ်ဖြတ်သွားခဲ့ ကြကြောင်း သိရှိရပါသည်။

#PAN