“ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ အစည်းအဝေးအတွင်း အီရန်သမ္မတ မိန့်ခွန်းပြောကြားနေစဥ် အစ္စရေးသံအမတ်က ကန့်ကွက်မှုများပြုလုပ်ခဲ့ပြီး အစည်းအဝေး ခန်းမဆောင်အတွင်းမှ ထွက်ခွာမှုများပြုလုပ်ခဲ့”

စက်တင်ဘာ ၂၀

ပြီးခဲ့သည့် စက်တင်ဘာ ၁၉ရက် နေ့က ကျင်းပပြုလုပ်ခဲ့သည့် ကမ္ဘာ့ ကုလသမဂ္ဂ ဆိုက်ရာ အထွေထွေ အစည်းအဝေးကြီးတွင် အီရန်နိုင်ငံ သမ္မတ Ebrahim Raisi မိန့်ခွန်း ပြောကြားနေစဥ် အချိန်အတွင်း အစ္စရေးအစိုးရ သံအမတ်ကြီးက Mehsa Amini ၏ ဓာတ်ပုံကို ကိုင်ဆောင်ကာ ကန့်ကွက်ဆန္ဒပြ မှုများပြုလုပ်ခဲ့ပြီး အဆိုပါ ကုလသမဂ္ဂ အထွေထွေညီလာခံ အစည်းအဝေး ခန်းမဆောင် မှ ထွက်ခွာမှုများပြုလုပ်သွားခဲ့ တာလည်း ဖြစ်ပါတယ်။

ထို့နောက် အစ္စရေး အစိုးရ၏ သံအမတ်ကြီးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ကုလသမဂ္ဂ အထွေထွေ ညီလာခံခန်းမမှ နှင်ထုတ်ခဲ့ရသည့် အခြေအနေများလည်းဖြစ်ပေါ်ခဲ့ရပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ ညီလာ ခံအစည်းအဝေးကြီးအား တတ်ရောက်ရန် ရောက်ရှိနေသည့် အစ္စရေးနိုင်ငံဝန်ကြီးချုပ် Benjamin Netanyahu တည်းခိုနေသော အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ Manhattan’s Loews Regency ဟိုတယ်ကြီး၏ အပြင်ဘက်တွင် ပြီးခဲ့သည့် အင်္ဂါနေ့ညနေပိုင်းက အစ္စရေး တို့၏ ပါလက်စတိုင်းနယ်မြေများ သိမ်းပိုက်ခံ ရမှုများကို ဆန့်ကျင်သည့် ကန့်ကွက် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ရပါတယ်။

အဆိုပါ ဆန္ဒပြပွဲကို ဒီမိုကရေစီလိုလားကြသည့် အစ္စရေး ဆန့်ကျင်ရေးအုပ်စုများ က ဦးဆောင်ပြီး အစ္စရေးတို့၏ နယ်မြေသိမ်း ပိုက်မှုများကို ဆန္ဒပြဆန့် ကျင်ခဲ့ကြ တာဖြစ်ပါတယ်။

အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟုအစိုးရ၏ နိုင်ငံအတွင်း တရားစီရင်ရေးဆိုင်ရာ ပြုပြင် ပြောင်း လဲမှုများအပေါ် ဆန့်ကျင် ဆန္ဒပြမှုများပြုလုပ်သွားမည်ဖြစ်ပြီး အစ္စရေး ဆန့်ကျင်ရေး ဆန္ဒပြ အုပ်စုများ က
လာမည့် သောကြာနေ့ မနက်ပိုင်းတွင် အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟု မိန့်ခွန်းပြောကြားမည့် ကုလသမဂ္ဂ အထွေထွေညီလာခံကြီး၏ အပြင်ဘက်မှာ ပိုမိုကြီးမားသည့် ဆန္ဒပြပွဲတစ်ခု ပြုလုပ်ဖို့ စီစဉ်ထားကြကြောင်း လည်း သတင်းဌာနများကဖော်ပြပြောဆိုထားကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *