မေ ၃၁
ယမန်နေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် တနင်္သာ ရီတိုင်းဒေသကြီး၊ထားဝယ်မြို့နယ်၊သင်္ကန်းတုံးရွာကို ထောက်လှမ်းစောင့်ကြည့်နေသော တပ်မတော်ကွန်မန်ဒိုအဖွဲ့က လူသတ်အကြမ်းဖက်သောင်းကျန်းသူ PDF တစ်ဦး ဆိုင်ကယ်နဲ့ ထွက်လာသည်ကို လက်ဖြောင့်စစ်သည်က စနိုက်ပါနှင့် တစ်ချက်ပစ်ခတ်ခဲ့ရာ ၎င်းအကြမ်းဖက်PDF တစ်ဦးထိမှန်ပြီး နေရာတွင်သေဆုံးခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ စနိုက်ပါသေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အကြမ်းဖက် PDF(Fighting For Freedom Force)တစ်ဦးနှင့်အတူ M-4 သေနတ် ၁ လက်၊ ကျည်အိမ် ၂ ခု၊ ကျည်ဆံ ၂၀ တောင့်၊လမ်းလျှောက်စကားပြောစက်အိုင်ကွန် ၁ လုံး၊ဆိုင်ကယ် ၁ စီး၊ ဖြူးစ် ၄၀ ချောင်း၊ ကိုးလုံးကျည် ၂ တောင့်၊ အီကွေ့မန့် ၁ ခု၊ ပြောက်ကျားအင်္ကျီ ၁ ထည်တို့ သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိပါသည်။
#PAN