ရေးအမြို့နယ်၊ရေး –  သံဖြူဇရပ်ကားလမ်းပေါ်၌ အကြမ်းဖက်သောင်းကျန်းသူ KNLA နှင့် PDF ပူးပေါင်းအဖွဲ့က ခရီးသွားမော်တော်ယာဥ်များနှင့် ဆိုင်ကယ်များကို တားဆီးစစ်ဆေးခြင်းများ ပြုလုပ်

စက်တင်ဘာ ၁၈

       ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် မွန်ပြည် နယ်၊ ရေးအမြို့နယ်၊ လိမ္မော်ခြံကျေးရွာအနီး၊ ရေး –  သံဖြူဇရပ်ကားလမ်းပေါ်၌ အကြမ်းဖက်သောင်းကျန်းသူ KNLA တပ်မဟာ (၆) နှင့် PDF ပူးပေါင်းအဖွဲ့က ခရီးသွားမော်တော်ယာဥ်များနှင့် ဆိုင်ကယ်များကို တားဆီးစစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရပါသည်။

          ရေးမြို့နယ်၊ ရေး –  သံဖြူဇရပ်ကားလမ်း ပေါ်တွင် အကြမ်းဖက်သောင်းကျန်းသူ KNLA တပ်မဟာ (၆) နှင့် PDF ပူးပေါင်းအဖွဲ့များက ဇွန်လ အတွင်းမှစ၍ ခရီးသွား မော် တော်ယာဥ်များကို တားဆီးစစ်ဆေးခြင်းများ မကြာခဏပြုလုပ်လျှက်ရှိရာ ဇွန်လ ၂၆ ရက်နေ့ကလည်း သံဖြူဇရပ်မြို့ဖက်မှ ရေးမြို့ဖက်သို့လာသည့် ရွှေစင်စင်္ကြာ ခရီးသည်တင်မှန်လုံယာဉ်ကို တားဆီးရပ် တန့်ခိုင်းပြီး စစ်ဆေးခဲ့ရာ အဆိုပါမော်တော်ယာဉ်အတွင်း၌ ရဲတပ်ဖွဲ့ဝင်ယူနီဖောင်းများနှင့် အသုံး အဆောင်ပစ္စည်းများကို တွေ့ရှိသဖြင့် ကားပေါ်မှချကာ မီးရှို့ဖျက်ဆီးခဲ့ပါသည်။

      အကြမ်းဖက်သောင်းကျန်းသူ KNLA တပ်မ ဟာ(၆)နှင့် PDF ပူးပေါင်းအဖွဲ့များသည် မော်လမြိုင် – သံဖြူဇရပ် – ရေး ကားလမ်းပေါ်တွင် ဝင်ရောက်လာပြီး ခရီးသွား မော်တော်ယာဥ်များကို တားဆီးပြီး တပ်မ တော်သားများ၊ရဲတပ်ဖွဲ့ဝင်များ၊နိုင်ငံဝန်ထမ်းများ ပါ /မပါ စစ်ဆေးခြင်းများ ပြုလုပ်လျှက်ရှိရာ ဝန်ထမ်းများအနေဖြင့် ခရီးသွားလာရန် အခက် အခဲဖြစ်ပေါ်လျှက်ရှိကြောင်းနှင့် ပြည်သူများအနေဖြင့် စိုးရိမ်မှုများ ဖြစ်ပေါ်လျှက်ရှိကြောင်း သိရှိရပါသည်။

#PAN