လစာကိစ္စကြောင့် ဂျူဗင်တပ်စ်ကို တရားစွဲဆိုဖို့ လုပ်ဆောင်နေတဲ့ ရော်နယ်ဒို

စက်တင်ဘာ ၁၈
ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒိုဟာ လုပ်ခလစာမပေးတဲ့ အသင်းဟောင်းဂျူဗင်တပ်စ်ကို တရားစွဲဆိုသွားဖို့ ပြင်ဆင်နေကြောင်း သိရှိရပါတယ်။
စီရော်နယ်ဒို အပါအဝင် ဂျူဗင်တပ်ကစားသမားတွေဟာ ကိုဗစ်ကာလအတွင်း အိမ်မှာပဲနေရခဲ့ရတဲ့ အချိန်အတွင်း လုပ်ခလစာ ၄ လစာကို ဆိုင်းငံ့ထားခဲ့ပါတယ်။
သတင်းတွေရဲ့ဖော်ပြချက်အရ ရော်နယ်ဒိုဟာ ကိုဗစ်ကာလအစောပိုင်းအတွင်း လျှော့ယူခဲ့တဲ့ လစာငွေ ယူရို (၁၉.၉) သန်းကို ပြန်လည် ရရှိလိုမှုနဲ့ ဂျူဗင်တပ်စ်ကို တရားစွဲဆိုဖို့ ပြင်ဆင်နေကြောင်း သိရှိရပါတယ်။
ရော်နယ်ဒိုက ဂျူဗင်တပ်စ်မှာ ကစားသမားဘဝ(၃)နှစ်ကြာ ဖြတ်သန်းခဲ့ပြီး အသင်းနဲ့အတူ စီးရီးအေ အမှတ်ပေးချန်ပီယံဆု (၂) ကြိမ်၊ ကိုပါအီတလီယာဖလားတစ်ကြိမ်တို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
နောက်ထပ် ဂျူဗင်တပ်စ်ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ဘိုနူချီ ကလည်း ဂျူဗင်တပ်စ်ဟာ သူ့ရဲ့ပုံရိပ်ကို ထိခိုက်ကျဆင်းစေမှု၊ မမှန်ကန်တဲ့သတင်းမှားတွေကို ထုတ်ပြန်မှုတွေကြောင့် ဂျူဗင်တပ်စ်ကို တရားစွဲဆိုထားကြောင်း သိရပါတယ်။