ကော့ကရိတ်မြို့နယ် ကော့ကရိတ် – ရန်ကုတ် – နောင်နိုင်း ကျေးရွာချင်းဆက်လမ်းပေါ်ရှိ ရန်ကုတ်ချောင်းကူးတံတားကို အကြမ်းဖက်သောင်းကျန်း သူ KTLA နှင့် PDF အဖွဲ့များက   တတိယအကြိမ်မြောက်ထပ်မံမိုင်းခွဲဖျက်ဆီး

စက်တင်ဘာ ၁၂

        ယမန်နေ့  ည ၉း၀၀ အချိန်ခန့်တွင် ကရင် ပြည်နယ်၊ ကော့ကရိတ်မြို့နယ် မြောက်ဘက်ခြမ်း ကော့ကရိတ်မြို့ နှင့်ဆက်သွယ်ထားသည့်   ကော့ကရိတ် – ရန်ကုတ် – နောင်နိုင်း ကျေးရွာ  ချင်းဆက်လမ်းပေါ်ရှိ ရန်ကုတ်ချောင်းကူးတံတား အရှည် ၁၆၀ပေ အကျယ်၂၀ပေရှိသော သံဘောင်ကွန်ကရစ်တံတားကို အကြမ်းဖက်သောင်းကျန်း သူ KTLA နှင့် PDF အဖွဲ့များက   တတိယအကြိမ်မြောက်ထပ်မံမိုင်းခွဲဖျက်ဆီးခဲ့ကြောင်း သိရှိရပါသည်။

     အဆိုပါတံတားကို အကြမ်းဖက်သောင်းကျန်း သူများက ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် ပထမအကြိမ်၊ ၂၀၂၃ ခုနှစ် ဇူလိုင်လ တွင် ဒုတိယအကြိမ် ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း၊ ဒုတိယအကြိမ်ဖောက်ခွဲဖျက်ဆီးပြီးနောက် တံတားကို ယာဥ်များသွားလာနိုင်အောင် ဒေသခံများက ပြင်ဆင်ခဲ့ပြီး ယခု အကြိမ်ဖောက်ခွဲဖျက်ဆီးပြီးနောက် ကားနှင့်ဆိုင်ကယ်များ ဖြတ်သန်းသွားလာ၍ မရတော့ကြောင်းသတင်းရရှိပါသည်။

(ဓာတ်ပုံများသည် ယခင် ဒုတိအကြိမ်ဖောက်ခွဲခဲ့သည့် ပုံများဖြစ်ပါသည်။)

#PAN