စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အကြမ်းဖက် သမားPDF များက အများပြည်သူအသုံးပြုသွားလာနေသော လမ်းများပေါ်တွင် မိုင်းထောင်ခြင်းများ ပြုလုပ်၊နယ်မြေလုံခြုံရေးအဖွဲ့များက ဖော်ထုတ်ရှင်းလင်း

စက်တင်ဘာ ၁၀

        ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်တွင် စစ် ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ ငယှန်ကျေးရွာအနီးတွင် အကြမ်းဖက်သမား PDF များက စစ်ကိုင်း – မုံရွာကားလမ်းပေါ်တွင် မိုင်းများထောင်ထားကြောင်း တာဝန်သိပြည်သူများက သတင်းပေးပို့လာမှုကြောင့် နယ်မြေလုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် အဆိုပါနေရာသို့ သွားရောက်၍ မိုင်းရှင်းလင်းဆောင်ရွက်ခဲ့သည်။

       ထိုသို့ မိုင်းရှင်းလင်းရာမှ အကြမ်းဖက်သမား PDF များ ထောင်ထားသော လက်လုပ်မိုင်းမျိုးစုံ ၁၁လုံး၊ ၁၂ဗို့ ဘက္ထရီအိုး(အသေး) ၂လုံး၊ ဝါယာကြိုး ၁ခွေတို့ကို ဖော်ထုတ် သိမ်းဆည်းရရှိခဲ့ပါသည်။

         အလားတူ ယနေ့ နံနက် ၁ နာရီခွဲအချိန်ခန့်တွင် ကလေးမြို့နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နယ်မြေလုံခြုံရေးဆောင်ရွက်နေစဉ်  မင်္ဂလာဥယျာဉ်ရပ်ကွက် လမ်းကြားတွင် မိုင်းထောင်ရန် ချောင်းမြောင်းနေသည့် အကြမ်းဖက် သမား PDF များကို ပစ်ခတ်ဖမ်းဆီးရာ အကြမ်း ဖက် PDF ၁ ဦးကို လက်လုပ်မိုင်း ၄ လုံး၊ ဝါယာကြိုး ၂ ခွေ၊ Detonator ၁၀ ချောင်းတို့နှင့်အတူ အသေဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိပါသည်။

      စစ်ကိုင်းဒေသကြီးအတွင်း အကြမ်းဖက် သမား PDF များအနေဖြင့် တပ်မတော်စစ် ကြောင်းများနှင့် နယ်မြေလုံခြုံရေးပူးပေါင်းအဖွဲ့များကို ရင်ဆိုင်တိုက်ပွဲ မဆင်နွှဲနိုင်သဖြင့် ပြည်သူ လူထုအတွင်း အကြောက်တရားများဖြစ်ပေါ်စေရန် ရည်ရွယ်ပြီး အများပြည်သူ အသုံးပြုသွားလာနေသော လမ်းများပေါ်တွင် မိုင်းထောင်ခြင်းများ ပြုလုပ်လာကြကြောင်း၊ ထိုသို့ပြုလုပ်မှုများအပေါ် ပြည်သူလူထုက လက်မခံကြတော့ဘဲ နီးစပ်ရာ လုံခြုံရေးအဖွဲ့များသို့ သတင်းပေးပို့လာကြကြောင်း သိရပါသည်။

#PAN