စက်တင်ဘာ ၁၀
မြောက်အာဖရိကတိုက်ရှိ မော်ရိုနိုင်ငံ၏ Marrakech မြို့ပြင်ရှိ ကမ္ဘာကျော် ဘောလုံးကစားသမား Cristiano Ronaldo ပိုင်ဆိုင်သည့် ဟိုတယ်ကြီးသည် မော်ရိုကိိုနိုင်ငံအတွင်း ပြင်းထန်သော ငလျင်များ လှုပ်ခတ်ခဲ့ပြီးနောက် အဆိုပါ နိုင်ငံအတွင်းရှိ ဒုက္ခသည်များအတွက် ခိုလှုံရာနေရာအဖြစ် ကူညီပေးခဲ့တာဖြစ်ပါတယ်။
ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ မော်ရိုကိုနိုင်ငံ အတွင်းရှိ ဟိုတယ်ကြီးသည် ပြီးခဲ့သည့် စက်တင်ဘာ ၈ရက် သောကြာနေ့က အဆိုပါ နိုင်ငံအတွင်း ငလျင်ဒဏ်မှ အသက်ရှင် ကျန်ရစ်သူတွေအတွက် ခိုလှုံရာနေရာဖြစ်လာ ခဲ့ရပါတယ်။
ထို့ကြောင့် မော်ရိုကို နိုင်ငံအတွင်းရှိ ငလျင်ဒုက္ခသည် လူများသည် ရော်နယ်ဒို၏ ဟိုတယ်အပါအဝင် သဘာဝဘေးဒဏ်ခံနိုင်သည့် အမိုးအကာများရှိသည့် အဆောက်အအုံများတွင် နေထိုင်နေကြရတာလည်းဖြစ်ပါတယ်။
ကမ္ဘာကျော် ဘောလုံးကစားသမား ခရစ္စတီယာနို ရော်နယ်ဒို ပိုင်ဆိုင်သည့် Pestana CR7 Marrakech အမည်ရှိ ဟိုတယ်ကြီးသည် ဇိမ်ခံမှု ကြယ်လေးပွင့်အဆင့် သတ်မှတ်ထားပြီး ပြင်ပရေကူးကန်၊ ကြံ့ခိုင်ရေးစင်တာ၊ စားသောက်ဆိုင်များနှင့် အလှအပ လှေကားထစ်များ ပါဝင်ပါတယ်။
သို့သော် ငလျင်ဒုက္ခသည် မော်ရိုကိုလူမျိုးများ အတွက် ၎င်း၏ ဟိုတယ်ကို နေထိုင်နိုင်ရန် ကူညီပေးခဲ့တာလည်းဖြစ်တယ်လို့ သတင်းဌာနများကဖော်ပြပြောဆိုထားကြပါတယ်။