စက်တင်ဘာ ၄
ရန်ကုန်တိုင်းဒေသကြီး၊လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊အမှတ် ၁၈ရပ်ကွက်၊ အနန္တသူရိယလမ်းရှိနေအိမ်တွင် ယနေ့ မွန်းလွဲ ၁နာရီ ကျော်အချိန်ခန့်က ၉ နှစ်အရွယ် ကလေးငယ် အပါအဝင်မိသားစုသုံးဦး အသတ်ခံရမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်းသိရသည်။
အဆိုပါ အခင်းဖြစ်ရာ နေအိမ်တွင် အိမ်ရှင် ဦးဌေးလွင် ၅၉နှစ်၊ (ဘ)ဦးထွေးမောင်သည် နေအိမ်အောက်ထပ် အခန်းထဲ၌ သေဆုံးလျက်ရှိပြီး ဇနီး ဒေါ်စုလှိုင်ဝင်း ၅၂ နှစ် နှင့် သားဖြစ်သူ မောင်ဖြိုးမြတ်ကိုကို အသက် (၉)နှစ်မှာအပေါ်ထပ် အခန်းထဲတွင် ဓားဒဏ်ရာများဖြင့်သေဆုံးနေကြောင်း သိရသည်။
ယင်းမိသားစုဝင်များအား သတ်ဖြတ်သွားသည့် အကြမ်းဖက်များအား နယ်မြေခံ ရဲတပ်ဖွဲ့စခန်းမှ ဖမ်းဆီးနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
#PAN