အမြန်လမ်းရှိ အချို့​လမ်းအပိုင်းများ မြူနှင်းများထူထပ်သဖြင့် အရှိန်လျှော့မောင်းရန်သတိပေး

(ပြည်တွင်း)အောက်တိုဘာ ၂

ရန်ကုန်-မန္တလေး အမြန်လမ်း တ​လျှောက်ရှိ အချို့​လမ်းအပိုင်းများတွင် နှစ်စဥ် ​အောက်တိုဘာလ မှ ​ဖေ​ဖော်ဝါရီလ အထိ ည နှင့် နံနက်စောပိုင်း အချိန်များ၌ အပူချိန်ကျဆင်းခြင်း၊ လေထုအတွင်း စိုထိုင်းဆများပြားခြင်းတို့ကြောင့် လမ်း​ပေါ်နှင့် လမ်း​ဘေးဝဲယာ ​မြေသားများ​ပေါ်တွင် ရေငွေ့များ စုဖွဲ့ကာ မြူထူ/မြူ (Fog/Mist)ဖြစ်ပေါ်​လေ့ရှိသည်။

ထို​နေရာများသို့မ​ရောက်မီ အဝါခံ​ပေါ်တွင် အနက်​ရောင်​ဆေးသားဖြင့် “မြူထူထဲသို့ဝင်​နေ​သောကားပုံ” လမ်းညွှန်းအမှတ်အသားများကို သတိ​ပေးစိုက်ထူထားပါသည်။

ထိုဆိုင်းဘုတ်များကို​တွေ့ရှိပါက​ရှေ့တွင်မြူကျတတ်​သော​နေရာရှိသည်ဟု သိရှိရမည်ဖြစ်သည်။ မြူထူများရှိ​နေစဥ်လမ်း၏မြင်ကွင်းမှာ အကန့်အသတ်ရှိနိုင်သဖြင့် လမ်းအသုံးပြု​သောယာဥ်များအ​နေဖြင့် နှင်းခွဲမီး (Fog Light) / ​ရှေ့မီးကြီး (High Beam Headlight) များဖွင့်၍​အရှိန်​လျှော့ချဂရုပြုမောင်းနှင်ရန်လိုအပ်​​ပါကြောင့း အမြန်လမ်းမကြီးထိန်းသိမ်း ပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည် ။

Telegram – t.me/positiveanglenews

#PAN