မုံရွာမြို့တွင် ငွေကျပ် ၂ ဒသမ ၃၁ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

(မှုခင်း)အောက်တိုဘာ ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ငွေကျပ် ၂ ဒသမ ၃၁ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိကြောင်း သိရသည်။

စက်တင်ဘာလ ၂၇ ရက်နေ့ ည၈နာရီခွဲအချိန် စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ မုံရွာမြို့၊ အိုးဘိုထောင်ရပ်ကွက်နေ ဇော်နိုင် ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ ကျော်မင်းလွင်(ခ)ဟိန်းထက်ဝင်း၊ ဝမ်းဝမ်း၊ ဇော်ဟိန်းထက် တို့အား FORLAND အမျိုးအစား မော်တော်ယာဉ်နှင့်အတူ ယာဉ်ပေါ်မှ ဘိန်းဖြူ အလေးချိန် ၆၆ ကီလို(ဒေသကာလတန်ဖိုးငွေကျပ် ၂ ဒသမ ၃၁ ဘီလီယံ)နှင့် လက်ကိုင်ဖုန်း ၃ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသည့် တရားခံ ဇော်နိုင်(၄၉)နှစ်၊ ကျော်မင်းလွင်(ခ)ဟိန်းထက်ဝင်း(၂၄)နှစ်၊ ဝမ်းဝမ်း(၁၉)နှစ် နှင့် ဇော်ဟိန်းထက်(၃၁)နှစ်တို့အား မုံရွာမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN