(မှုခင်း)အောက်တိုဘာ ၂
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိကြောင်း သိရသည်။
စက်တင်ဘာလ ၂၉ ရက်နေ့ညနေ ၄နာရီကျော်အချိန်က သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအနီးတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူမော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် မဝင်းမာဌေး မောင်းနှင်ပြီး မစန်းစန်းမြင့် လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းတို့ထံမှ စိတ်ကြွဆေးပြား ၂၄,၀၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ် ၄၈၀)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
အဆိုပါ ဖမ်းဆီးရမိသည့် တရားခံ မဝင်းမာဌေး(၃၈)နှစ် နှင့် မစန်းစန်းမြင့်(၄၅)နှစ်တို့အား သာစည်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN