(မှုခင်း)စက်တင်ဘာ ၃၀
ပဲခူးတိုင်းဒေသကြီး၊ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ လှည်းဘီးကွဲကျေးရွာ၌ မီးဖိုချောင် မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၂၉ ရက် မွန်းလွဲ ၂ နာရီ ၂၀ မိနစ်အချိန်ခန့်က ဘုရားကြီးမြို့၊ ရွာသစ်ကိုင်းတာကျေးရွာအုပ်စု၊ လှည်းဘီးကွဲကျေးရွာရှိ မချောစုလှိုင်၏ နေအိမ်တွင် ထမင်းချက်ပြုတ်ပြီးနောက် ကျန်ရှိခဲ့သည့် မီးကြွင်းမီးကျန်မှတစ်ဆင့် မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ကျေးရွာသူ/သားများက ဝိုင်းဝန်းငြိမ်းသတ်ခဲ့ဏကြောင်း သ်ိရသည်။
အဆိုပါ မီးလောင်မှုကြောင့် မချောစုလှိုင်၏ သွပ်မိုး/ထရံကာ နေအိမ် မီးဖိုချောင်အပိုင်း ကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN