အင်းစိန်မြို့နယ် ဘုရင့်နောင်လမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွား

(မှုခင်း) စက်တင်ဘာ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ပေါက်တောရပ်ကွက်၊ ဘုရင့်နောင်လမ်း၊ (၄၈) ကားဂိတ်အနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး ယာဉ်အတွင်း လူညှပ်နေကြောင်း သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ၂၈ နံနက် ၆ နာရီ ၅၄ မိနစ်ခန့်က ဖြစ်ပွားခဲ့ပြီး ယာဉ်အတွင်း လူညှပ်နေသူအား ကယ်ဆယ်ရန် အင်းစိန်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၁ စီးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက အခင်းဖြစ်နေရာသို့ သွားရောက်၍ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်မောင်း ကျား ၁ ဦး (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ပြီး ၎င်းအား တွဲလက်ပရဟိတအသင်းမှ သူနာတင်ယာဉ်ဖြင့် အင်းစိန်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN