မြင်းခြံမြို့နယ် အေးမြသီတာဈေးတွင် မီးလောင်မှုဖြစ်ပွား

(မှုခင်း) စက်တင်ဘာ ၂၈

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ အမှတ်(၇)ရပ်ကွက်ရှိ အေးမြသီတာဈေးတွင် စက်တင်ဘာ ၂၇ ည ၇ နာရီ ၅၂ မိနစ်အချိန်ခန့်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မြင်းခြံခရိုင်မီးသတ်စခန်း၊ မြင်းခြံမြို့နယ်မီးသတ်စခန်း၊ မြင်းခြံနယ်မြေမီးသတ်စခန်းနှင့် စက်မှုဇုန်အရန်မီးသတ်စခန်းတို့မှ မီးငြှိမ်းသတ်ယာဉ် ၈ စီး၊ မီးသတ်ရေသယ်ယာဉ် ၆ စီးဖြင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ည ၈ နာရီ ၁၆ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး ည ၈ နာရီ ၃၃ မိနစ်တွင် မီးငြှိမ်းသွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ပစ္စည်းများနှင့် ဆုံးရှုံးမှုတန်ဖိုးများကို သက်ဆိုင်ရာတာဝန်ရှိသူများက ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN