ရန်ကုန် -မန္တလေးအမြန်လမ်းတွင် ယာဉ်မောင်းအိပ်ငိုက်ပြီး ယာဥ်တိမ်းမှောက်မှုဖြစ်ပွား

(မှုခင်း) စက်တင်ဘာ ၂၀

ရန်ကုန် -မန္တလေးအမြန်လမ်းတွင် ယာဉ်မောင်းအိပ်ငိုက်ပြီး ယာဥ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၂၀ရက်နေ့ နံနက်၇နာရီ၁၅မိနစ်အချိန်က ရန်ကုန် -မန္တလေးအမြန်လမ်း မိုင်တိုင်၁၉/၇- ၂၀/၆အကြားတွင် နေပြည်တော်မှရန်ကုန်သို့ ယာဉ်မောင်းပါ အမျိုးသား ၃ဦး၊အမျိုးသမီး ၁ဦး စုစုပေါင်း ၄ ဦး လိုက်ပါသည့် NISSAN SERENA, Mini Van ယာဉ်သည် ယာဉ်မောင်းအိပ်ငိုက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းတွင် ကာရံထားသော Guard Rail တန်းများအား ဝင်ရောက် တိုက်မိပြီး လမ်းလယ်ကျွန်းရေမြောင်းအတွင်း ​ရောက်ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါသူများမှာ ထိခိုက်ဒဏ်ရာမရရှိသော်လည်း Guard Rail သံလက်ရမ်းများထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN