စမ်းချောင်းတွင် အုပ်စုလိုက် ရန်ဖြစ်မှုအတွင်း လူငယ်နှစ်ဦး ဓားထိုးခံရပြီး ဆေးရုံတက်နေရ

(မှုခင်း) စက်တင်ဘာ ၁၉

ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်တွင် စက်တင်ဘာ ၁၇ ရက်က အုပ်စုလိုက် ရန်ဖြစ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး လူငယ်နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Democratic Press ၏ ဖော်ပြချက်အရ သိရသည်။

ဖြစ်စဉ်တွင် Info Myanmar ကျောင်းမှ ကလေးနှစ်ဦးကို အုပ်စုလိုက် ဝိုင်းဝန်းရိုက်နှက်ခဲ့ကြောင်း ဖော်ပြထားသည်။

ထို့အပြင် တစ်ဦးမှာ ဦးခေါင်းပေါက်ပြဲဒဏ်ရာ ရရှိခဲ့ပြီး တစ်ဦးမှာ ဓားဖြင့် နှစ်ချက် ထိုးခံရကာ အဆုတ်ထိခိုက်ခဲ့သဖြင့် ဆေးရုံတက်ရောက်ကုသနေရကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး သတင်းအပြည့်အစုံကို ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN