အမြန်လမ်းတွင် ယာဥ်မောင်းအိပ်ငိုက်ရာမှ ယာဥ်တိမ်းမှောက်မှုဖြစ်ပွား

(မှုခင်း) စက်တင်ဘာ ၁၈

ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၁၇၉/၅နှင့် ၁၇၉/၆ကြားတွင် ယာဥ်မောင်းအိပ်ငိုက်ရာမှ ယာဥ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့နံနက် ၈နာရီအချိန်က ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်တွင် နေပြည်တော်မှရန်ကုန်သို့ ယာဉ်မောင်းပါ အမျိုးသား၂ဦး လိုက်ပါလာသည့် Telematics စနစ်တပ်ဆင်ထား​သော ငှက်​ပျောသီးတင် 4L-9320 Toyota Ace Light Truckသည် ယာဉ်မောင်းအိပ်ငိုက်၍ လမ်းလယ်ကျွန်း သို့ဝင်​ရောက် တိမ်းမှောက်ခြင်း ဖြစ်ပွါးခဲ့ပသည်။

အဆိုပါ ဖြစ်စဉ်ကြောင့်ယာဉ်ပေါ်ပါသူများမှာ ထိခိုက်ဒဏ်ရာမရရှိသော်လည်း အမြန်လမ်း၌ဖြစ်ပွားသော ယာဉ်မတော်တဆမှုများအားလုံး၏ အများစုသည်ယာဉ်မောင်းအိပ်ငိုက်ခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။