ထားဝယ်-မြိတ်ကားလမ်းပေါ် ဆီဆိုင်တွင် ဆီဆိုင်မန်နေဂျာ သေနတ်ဖြင့်ပစ်ခတ်ခံရ၍ သေဆုံး

(မှုခင်း) စက်တင်ဘာ ၁၆

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ကနိုင်းဒါကျေးရွာအနီး ထားဝယ်-မြိတ်ကားလမ်းပေါ်ရှိ PP-1 စက်သုံးဆီဆိုင်တွင် စက်တင်ဘာ ၁၄ ရက် နံနက်ပိုင်းက ဆီဆိုင်မန်နေဂျာတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးခဲ့ကြောင်း သိရသည်။

၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ၁၄ ရက် နံနက် ၆ နာရီခွဲတွင် အဆိုပါစက်သုံးဆီဆိုင်၌ ဆီဆိုင်မန်နေဂျာဖြစ်သူ လောင်းလုံးမြို့နယ်၊ သောကြာပြင်ကျေးရွာနေ ဦးဟန်စိုးအောင်၊ အသက် ၃၈ နှစ်သည် ဆီဆိုင်ဝန်ထမ်း ၆ ဦးနှင့်အတူ ရှိနေစဉ် အဆိုပါပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထုတ်ပြန်ချက်အရ ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာသည့် လူနှစ်ဦးက ဦးဟန်စိုးအောင်အား “ဒလန်” ဟု စွပ်စွဲပြောဆိုပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ပစ်ခတ်မှုကြောင့် ဦးဟန်စိုးအောင်တွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိကာ သေဆုံးခဲ့ကြောင်း သိရသည်။အဆိုပါပစ်ခတ်မှုကို PDF အမည်ခံအဖွဲ့မှ လူနှစ်ဦးက ကျူးလွန်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာက ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN