DEMU အမြန်ရထား နှင့် ရထားလမ်း ဖြတ်ကူးလာသည့်ထွန်စက် တိုက်မိ

(မှုခင်း) စက်တင်ဘာ ၁၅

နေပြည်တော်မှ ထွက်ခွာလာသည့် အမှတ် ၈ အစုန် DEMU အမြန်ရထား နှင့် တရားမဝင်လမ်းကူးမှ ဖြတ်ဝင်သော ထွန်စက် တိုက်မိခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၁၄ရက်နေ့ မွန်းတည့် ၁၂နာရီခွဲအချိန် နေပြည်တော်မှ ထွက်ခွာလာသည့် အမှတ် ၈ အစုန် DEMU အမြန်ရထားသည် ညောင်လေးပင်-‌ပဲခူး လမ်းပိုင်း၊ ပြွန်တန်ဆာဘူတာနှင့် ဒိုက်ဦး ဘူတာအကြားအရောက်တွင် တရားမဝင်လမ်းကူးမှ ရုတ်တရတ်ဖြတ်သန်းလာသော ထွန်စက်ဖြင့် တိုက်မိပြီး ရထား၏ ရှေ့ မျက်နှာစာ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။

လမ်းဖြတ်ကူးလာသည့် ထွန်စက်မှာလည်း နှစ်ပိုင်းပြတ် ကာ ထွန်စက်တွင် လိုက်ပါလာသူ နှစ်ဦးလည်း ဒဏ်ရာအပြင်းအထန်ရရပြီး သေဆုံးခဲ့ကြောင်း သိရသည်။

အလားတူ စက်တင်ဘာ ၁၃နေ့ကလည်း ရန်ကုန်မှာ နံနက် ၇နာရီထွက်ခွာသည့် အမှတ် ၅ အဆန် DEMU အမြန်ရထားသည် ရုတ်တရတ်ဖြတ်ကူးသည့် ဘေးတွဲဆိုင်ကယ်ဖြင့် တိုက်မိပြီး ရထားထိခိုက်မှု အချို့ ဖြစ်ပွားခဲ့ကြောင်း ဘေးတွဲဆိုင်ကယ်မှာ ကြေမွပျက်စီးပြီး မောင်းနှင်လာသည့် ဘုန်းကြီးနှင့် ကိုရင် တို့ ပျံတေယ်မူခဲ့ကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN