အရှိန်မထိန်းနိုင်သည့် ၂၂ ဘီးယာဉ်တစ်စီး လမ်းဘေးသစ်ပင်ဝင်တိုက်ပြီး အမျိုးသားတစ်ဦး ဒဏ်ရာရ

(မှုခင်း) စက်တင်ဘာ ၁၄

ပဲခူးတိုင်းဒေသကြီး၊ စစ်ကွင်းမြို့၊ ဝက်လှကြီးကျေးရွာအနီး ရန်ကုန်-ပြည်ကားလမ်းတွင် စက်တင်ဘာ ၁၂ ရက် ညနေ ၆ နာရီအချိန်ခန့်က ၂၂ ဘီးယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသစ်ပင်အား ဝင်တိုက်မှုဖြစ်ပွားခဲ့ရာ ယာဉ်နောက်လိုက် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်ဘက်မှ ပြည်ဘက်သို့ မောင်းနှင်လာသည့် MDY-1 7K/XXXX NESSAN DIESEL ၂၂ ဘီးယာဉ်သည် ရန်ကုန်-ပြည်ကားလမ်း မိုင်တိုင် ၉၄ မိုင် ၄ ဖာလုံနှင့် ၅ ဖာလုံကြားအရောက် အရှိန်မထိန်းနိုင်သဖြင့် လမ်းဝဲဘက်ခြမ်းသို့ ချော်ကျကာ လမ်းဘေးရှိသစ်ပင်ကို ဝင်တိုက်ခဲ့ခြင်းဖြစ်ပြီး နတ်တလင်းမြို့၊ ဇီးကုန်းလေးရပ်ကွက်နေ အောင်သီဟ (၃၄) နှစ်မောင်းနှင်ပြီး သဲကုန်းမြို့နယ်၊ ရွှေညောင်ပင်ကျေးရွာနေ အောင်ဖြိုးဇော် (၃၀) နှစ် လိုက်ပါလာခဲ့ကာ ယာဉ်တိုက်မှုကြောင့် အောင်ဖြိုးဇော်တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ပွားသည့်နေရာသို့ စစ်ကွင်းမြို့မရဲစခန်းမှ တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ပြီး ယာဉ်မောင်း အောင်သီဟအား စစ်ကွင်းနယ်မြေရဲစခန်း ယာဉ်(ပ) ၅/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN