



(မှုခင်း) စက်တင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီးအတွင်း စက်တင်ဘာ ၁၁ ရက်က ဆီဘောက်ဆာယာဉ်တစ်စီး မီးလောင်မှုနှင့် ကားမီးလောင်မှုတစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၁၁ ရက် ညနေ ၅ နာရီ ၅ မိနစ်တွင် ပုသိမ်ကြီးမြို့နယ်၊ ပုသိမ်လေးကျေးရွာရှိ စက်သုံးဆီဆိုင်တွင် ဆီဘောက်ဆာယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့သည်။
မီးလောင်မှုသတင်းရရှိသဖြင့် ပုသိမ်ကြီးမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ် ၈ စီးဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ညနေ ၅ နာရီ ၂၉ မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ယင်းနေ့ နံနက် ၅ နာရီ ၂၅ မိနစ်ခန့်တွင် ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းအရှေ့ရပ်ကွက်၊ ၈၀ လမ်းနှင့် ၈၁ လမ်းကြားတွင် ကားမီးလောင်မှု ဖြစ်ပွားခဲ့သည်။
အဆိုပါမီးလောင်မှုအား ချမ်းအေးသာစံမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၁ စီးဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နံနက် ၅ နာရီ ၃၀ မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှစ်ရပ်လုံးတွင် မီးလောင်ရသည့်အကြောင်းရင်းနှင့် ထိခိုက်ဆုံးရှုံးမှုအသေးစိတ်ကို ဖော်ပြထားခြင်းမရှိသေးကြောင်း သိရသည်။