ရန်ကုန်-မန္တလေးအမြန်လမ်းတွင် Toyota Mark 2 ယာဉ် အရှိန်မထိန်းနိုင်ဘဲ မိုင်/ဖာလုံတိုင်ဝင်တိုက်

(မှုခင်း) စက်တင်ဘာ ၁၀

ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင် ၂/၂၊ ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ သွားသည့် အသွားလမ်းတွင် ယာဉ်မောင်းအပါအဝင် အမျိုးသား ၃ ဦး လိုက်ပါလာသည့် Toyota Mark 2 ယာဉ်တစ်စီး ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၉ ရက် နေ့လယ် ၂ နာရီ ၄၅ မိနစ်အချိန်ခန့်က Toyota Mark 2 ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေး၌ စိုက်ထူထားသည့် မိုင်/ဖာလုံတိုင်ကို ဝင်တိုက်မိပြီးနောက် မြေသားလမ်းပေါ်သို့ ရောက်ရှိသွားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ အမျိုးသား ၃ ဦး ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း သိရသည်။

အမြန်လမ်းအသုံးပြုသည့် ယာဉ်မောင်းများ အနေဖြင့် မိမိယာဉ်၏ ကြံ့ခိုင်မှုအား လမ်းပေါ်မရောက်မီ သေချာစွာ စစ်ဆေးကြရန်လိုအပ်ပြီး ယာဉ်အမျိုးအစား အလိုက် သတ်မှတ်အမြန်နှုန်းထက် ပိုမမောင်းကြပါရန်၊ မှန်လုံခရီးသည် တင်ယာဥ်ကြီးများ 90 km/hr၊ လူစီးယာဥ်ငယ်များမှာ 100 km/hr ၊ ကုန်တင်ယာဥ်+ပစ်ကပ်ယာဥ်များ မှာ 60km/hr နှုန်းသာ အများဆုံးမောင်းနှင်ကြပါရန် သတိပေးအပ်ထားကြောင်း သိရသည်။