မော်လမြိုင်ဈေးကြိုအဝိုင်းအနီးတွင် ကား ၄ စီးဆင့်တိုက်မှုဖြစ်ပွားပြီး တိုက်ပြီးထွက်ပြေးရန်ကြိုးပမ်းသူ ဖမ်းမိ

(မှုခင်း) စက်တင်ဘာ ၁၀

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဈေးကြိုအဝိုင်းအနီးတွင် ကား ၄ စီး ဆင့်တိုက်မှုဖြစ်ပွားခဲ့ပြီး ယာဉ်တိုက်ပြီးနောက် ထွက်ပြေးရန်ကြိုးပမ်းသည့် ယာဉ်မောင်းအမျိုးသားကို ဖမ်းဆီးထားကြောင်း သိရသည်။

စက်တင်ဘာ ၉ ရက် ည ၆ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် ဈေးကြိုအဝိုင်းအနီး၌ မောင်းနှင်လာသည့် အဖြူရောင် MALIBU ယာဉ်တစ်စီးသည် လမ်းဘေးတွင် ရပ်ထားသည့် ကား ၂ စီးကို အရှိန်ဖြင့် ဝင်တိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါယာဉ်သည် တိုက်မိပြီးနောက် လမ်းပေါ်သို့ လည်ထွက်သွားကာ လမ်းပေါ်မှ ဖြတ်သန်းသွားသည့် BZ4X ယာဉ်တစ်စီးကို ထပ်မံတိုက်မိခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် MALIBU ယာဉ်မောင်းမှာ ထွက်ပြေးရန်ကြိုးပမ်းခဲ့သဖြင့် အတိုက်ခံရသည့်ယာဉ်များမှ ယာဉ်မောင်းများနှင့် အနီးရှိပြည်သူများက ဝိုင်းဝန်းဖမ်းဆီးခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှုကြောင့် အတိုက်ခံရသည့် ကား ၃ စီး၏ အဲလ်ဘတ်များ ပွင့်ထွက်သွားခဲ့ပြီး ကားဘေးခြမ်းနှင့် ရှေ့ပိုင်းတို့တွင် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်တွင် လူထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့သော်လည်း ယာဉ်များ လမ်းပေါ်တွင် ပိတ်ဆို့နေသဖြင့် ယာဉ်ကြောပိတ်ဆို့မှုမှာ နာရီဝက်ခန့် ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

တိုက်ခံရသော ကားသုံးစီးလုံးတွင် အဲလ်ဘတ်များ ပွင့်သွားကာ ကား ဘေးခြမ်းနှင့် ကားအရှေ့ခြမ်းမှာ ထိခိုက်ပျက်စီးမှုများ‌ခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိသော်ကြောင့် လမ်းပိတ်နေ၍ နာရီဝက်ခန့်ကြာအောင် ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN