(နိုင်ငံတကာ) စက်တင်ဘာ ၁၀
ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ မဲဆောက်မြို့၊ မဲပအုပ်စု၊ မူး ၆ ရှိ ဘန်ဟွေဟင်ဖွန် ပူးတွဲစစ်ဆေးရေးဂိတ်တွင် စက်တင်ဘာ ၉ ရက် ည ၉ နာရီခန့်က နေထိုင်ခွင့်သက်တမ်းကုန်ဆုံးပြီး ထိုင်းနိုင်ငံအတွင်း ဆက်လက်နေထိုင်နေသည့် တရုတ်နိုင်ငံသားတစ်ဦးကို အာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ဖမ်းဆီးခံရသူမှာ အသက် ၂၆ နှစ်အရွယ် တရုတ်နိုင်ငံသား မစ္စတာ ဆွန်ဂွမ် (ချွမ်ဂွမ်ချန်) ဖြစ်ပြီး ၎င်း၏ နိုင်ငံကူးလက်မှတ်ကို စစ်ဆေးရာတွင် ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့်သက်တမ်းတိုးရန် လျှောက်ထားထားခြင်း မတွေ့ရှိရကြောင်း သိရသည်။
ထို့ကြောင့် ၎င်းအား နေထိုင်ခွင့်သက်တမ်းကုန်ဆုံးပြီးနောက် နိုင်ငံအတွင်း ဆက်လက်နေထိုင်ခြင်း ဆိုင်ရာ စွဲချက်ဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်နိုင်ရန် တာ့ခ်လူဝင်မှုကြီးကြပ်ရေးရုံးသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN