(နိုင်ငံတကာ) စက်တင်ဘာ ၁၀
တော်ဝင်ထိုင်းအကျဉ်းထောင်ပြုပြင်ရေးဖောင်ဒေးရှင်း၏ ဒုတိယဥက္ကဋ္ဌ၊ ဗိုလ်ချုပ်ကြီး ပိုင်ဘွန်း ကွမ်းချာယာနှင့် ဖောင်ဒေးရှင်းကော်မတီဝင်များသည် ဩဂုတ် ၁၀ ရက် မွန်းလွဲ ၁ နာရီတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ ထိုင်းတော်ဝင်လေတပ် AT76 လေယာဉ်ဖြင့် မဲဆောက်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ကိုယ်စားလှယ်အဖွဲ့အား မဲဆောက်ခရိုင်မှူး မစ္စတာ ကန်တာပေါင် ပီပတ်မွန်ထရီကူလ်၊ ရာဇမနုအထူးတပ်ဖွဲ့၏ ဒုတိယတပ်မှူး ဗိုလ်မှူးကြီး ခရစ်စနာ နမ်ကွေး၊ တာ့ခ်ခရိုင်ရဲတပ်ဖွဲ့၏ ဒုတိယတပ်မှူး ရဲမှူးကြီး အပီပရတ် ပတ်တန်ဒီး၊ လေကြောင်းနှင့် အထောက်အကူပြုအဖွဲ့ အကြီးအကဲနှင့် မဲဆောက်လေဆိပ်၏ ယာယီညွှန်ကြားရေးမှူး မစ္စတာ ဆူသက် တွမ်နာခရူးတို့အပါအဝင် သက်ဆိုင်ရာအေဂျင်စီများမှ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။
အဆိုပါ ကိုယ်စားလှယ်အဖွဲ့သည် တာ့ခ်ခရိုင် မဲဆောက်မြို့ရှိ အကျဉ်းထောင်နှင့် ဆက်စပ်အေဂျင်စီများအား စစ်ဆေးရန်အတွက် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN