မိုင်းပွန်တွင် ကျပ်သိန်းပေါင်း ၂၄၀၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

(မှုခင်း) စက်တင်ဘာ ၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ မိုင်းပွန်မြို့၊ စစ်စီကျေးရွာအနီးတွင် မူးယစ်‌ဆေးဝါးများကိုသယ်ဆောင်လာသူများနှင့်အတူ ဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၇ ရက်နေ့တွ လွိုင်လင်မြို့နယ် အတွင်း ဖြတ်သန်းသွားလာနေသော မော်တော်ယာဉ်များအား လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့မှ စစ်ဆေးမှုများ ပြုလုပ်နေစဉ် မိုင်းပွန်မြို့၊ စစ်စီကျေးရွာ အနီး၌ ခွန်မောင်ကူနှင့် ခွန်မောင်ထွန်းတို့ မောင်းနှင် စီးနင်းလာ Vigo အမျိုးအစား ခဲရောင်မော်တော်ယာဉ် တစ်စီးအား ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်ပေါ်မှ ကျပ်သိန်းပေါင်း ၂၄၂၀၀ တန်ဖိုးရှိ ဘိန်းညိုမှုန့် ၂၄၀ ကီလိုဂရမ်နှင့် ဘိန်းဖြူဘ‌လောက်တုံး ၂ တုံးတို့ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆက်လက်ပြီး ဖမ်းဆီးရမိသူများ၏ စစ်ဆေးထွက်ဆိုချက်အရ ၎င်းမူးယစ်ဆေးများအား လာရောက်ယူဆောင်မည့် ကွင်းဆက်တရားခံများဖြစ်သည့် နားရိုင်းရွာသစ်နေ တွန်းလျန်းနှင့် ရန်ရုန့်ထန်တို့ နှစ်ဦးကို ထပ်မံဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိသူများအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN