
(ပြည်တွင်း) စက်တင်ဘာ ၇
ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ် အရှေ့ကမ်းပြိုကြီးဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်ကြောင်းအား PDF အင်အား ၃၀ ခန့်က လာရောက်ပစ်ခတ်ခဲ့ရာ နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယနေ့ စက်တင်ဘာ ၇ ရက် နံနက် ၄ နာရီခွဲခန့်တွင် အဆိုပါဘုန်းကြီးကျောင်း၌ တပ်ချထားသည့် စစ်ကြောင်းအား PDF အင်အား ၃၀ ခန့်က လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ပစ်ခတ်မှုမှာ နံနက် ၅ နာရီခွဲခန့်တွင် PDF အဖွဲ့ဘက်မှ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါပစ်ခတ်မှုနှင့်ပတ်သက်၍ ထိခိုက်သေဆုံးမှုအခြေအနေများကို အသေးစိတ်သိရှိရခြင်း မရှိသေးကြောင်း သိရသည်။