မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံးဝန်ထမ်းများနှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တွေ့ဆုံ၊ ဝန်ထမ်းသားသမီးများအတွက် ပညာသင်ထောက်ပံ့ငွေနှင့် ဝန်ထမ်းများအတွက် စားသောက်ကုန်များ ထောက်ပံ့

(လွှတ်တော်) စက်တင်ဘာ ၆

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသည် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့နှင့်အတူ စက်တင်ဘာလ ၅ ရက်နေ့ မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံး ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့သည်။

တွေ့ဆုံစဉ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့ပြီး မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံး ဝန်ထမ်းများ၏ လုပ်ငန်းတာဝန်များနှင့် လွှတ်တော်လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များကို အားပေးမှာကြားခဲ့သည်။

ထို့နောက် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံး ဝန်ထမ်းများ၏ သားသမီးများအတွက် ပညာသင်ထောက်ပံ့ငွေများနှင့် ဝန်ထမ်းများအတွက် စားသောက်ကုန်ပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ယင်းနောက် တက်ရောက်လာသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရသည်။

www.positiveanglenews.com

Telegram – t.me/positiveanglenews

#PAN