(ပြည်တွင်း) သြဂုတ် ၂၉
ချင်းပြည်နယ်၊ ပလက်ဝမြို့ရွှေလိုက်ဝရွာရှိ Maraland Defence Force(MDF)ရဲ့ စစ်သင်တန်းကျောင်းကို တပ်မတော်က ဗုံးကြဲရှင်းလင်းခဲ့ကြောင်း သိရသည်။
ဩဂုတ်လ ၂၅ရက်နေ့ ည (၁၁)နာရီအချိန်က တပ်မတော်လေမှ ပလက်ဝမြို ရွှေလိုက်ဝရွာရှိ MDF အကြမ်းဖက်စစ်သင်တန်းကျောင်း လေ့ကျင့်ရေးကွင်းကို ဗုံးကြဲခဲ့ရာ MDF ၁ဦး၊ CNDF ၂ဦးနှင့် Zoland PDF ၂ဦးတို့ သေဆုံးခဲ့ပြီး ၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ MDF စစ်သင်တန်းကျောင်းတွင် AAအကြမ်းဖက်အဖွဲ့မှ စစ်သင်တန်းလာရောက် သင်ကြားပေးနေကြောင်း၊ သင်တန်းကျောင်းတည်နေရာအား တပ်မတော်ထံ သတင်းပေးသူအား စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN