မိုင်းရယ်မြို့အတွင်း၌ အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူ ပြည်ပနိုင်ငံသား ၂ ဦးအား လုပ်ငန်းသုံးပစ္စည်းများနှင်အတူ ထပ်မံဖမ်းဆီးရမိ

(မှုခင်း) သြဂုတ် ၂၉

ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုင်းရယ်မြို့အတွင်း၌ အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူ ပြည်ပနိုင်ငံသား ၂ ဦးအား လုပ်ငန်းသုံးပစ္စည်းများနှင်အတူ ထပ်မံဖမ်းဆီးရမိကြောင်း သိရသည်။ 

ဩဂုတ် ၂၆ ရက်နေ့တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုင်းရယ်မြို့နယ်၊ မန်မိုင်းကျေးရွာနှင့် မန်းကကျေးရွာကြား တရားမတင်အွန်လိုင်းလိမ်လည်မှု လုပ်ကိုင်သူများအား သွားရောက်ဖမ်းဆီးစဉ် ထွက်ပြေးလွတ်မြောက်သွားသည့် တရုတ်နိုင်ငံသား အမျိုးသား ၁ ဦးနှင့် ကဇက်စတန်နိုင်ငံသား အမျိုးသား ၁ ဦးတို့အား ဖုန်းမျိုးစုံ ၁၀ လုံးနှင့်အတူ ယနေ့နေ့လယ်ပိုင်းတွင် နာလီကျေးရွာအနီး၌ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။ 

အဆိုပါ ဖမ်းဆီးရမိသူများအား လိုအပ်သည့်စစ်ဆေးမှုများ ဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိသည့် လုပ်ငန်းသုံးပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

Telegram – t.me/positiveanglenews

#PAN