
(ပြည်တွင်း) ဩဂုတ် ၁၀
အိန္ဒိယ-မြန်မာ-ထိုင်း အဝေးပြေးလမ်းကြီး စီမံချက် သဘောတူညီမှုတွေ ရယူနိုင်ခဲ့ပြီးနောက် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့မှာရှိတဲ့ သတ္တုစက်ရုံတွေနဲ့ ငှက်သိုက်စက်ရုံတွေကို မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ် Abhay Thakur သွားရောက်ကြည့်ရှုခဲ့တယ်လို့ သိရပါတယ်။
အိန္ဒိယသံအမတ် Abhay Thakur ဟာ ဩဂုတ်လ ၉ ရက်နေ့ မနေ့က မြိတ်က အဆိုပါစက်ရုံတွေကို သွားရောက်ကြည့်ရှုခဲ့တာ ဖြစ်တယ်လို့ ရန်ကုန်မှာရှိတဲ့ အိန္ဒိယသံရုံးရဲ့ လူမူကွန်ယက်စာမျက်နှာက ဒီနေ့မနက်ပိုင်းက ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
အိန္ဒိယသံအမတ်ဟာ ဒီခရီးစဉ်မှာ မြိတ်ခရိုင်က သတ္တုဌာနက အကြီးတန်းအရာရှိတွေ၊ ဒေသခံစီးပွားရေးလုပ်ငန်းရှင်တွေနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ရေးသားထားပါတယ်။
ယခုခရီးစဉ်တွင် အိန္ဒိယသံအမတ်ကြီးသည် ဒေသတွင်း သတ္တုလုပ်ငန်းစက်ရုံတွေနဲ့ ငှက်သိုက်ထုတ်လုပ်ရေးစက်ရုံတွေကိုလည်း ရေထွက်ပစ္စည်းထုတ်လုပ်တဲ့ လုပ်ငန်းတွေနဲ့ ငှက်သိုက်ထုတ်လုပ်ရေးစက်ရုံတွေကိုလည်း သွားရောက်ကြည့်ရှုခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့တာ ဖြစ်ပါတဘ်။
ပြီးခဲ့တဲ့ ဇူလိုင်လက မန္တလေးမြို့မှာ ပြုလုပ်ခဲ့တဲ့ India– Myanmar Forum on Mining and Mineral Cooperation ဟု အမည်ပေးထား အိန္ဒိယ-မြန်မာ မြေရှားနှင့် သယံဇာတများ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် အပြီးမှာ မြိတ်မြို့က သတ္တုလုပ်ငန်းတွေကို သွားရောက်ကြည့်ရှုခဲ့တာလည်း ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင် အိန္ဒိယနဲ့ ထိုင်းနိုင်ငံတွေကို နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ်တွေ သွားရောက်ထားပြီး အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီး စီမံကိန်းကိစ္စတွေကို သဘောတူညီမှုတွေ ရယူနိုင်ခဲ့ပြီးနောက် အိန္ဒိယရဲ့ ဒီလှုပ်ရှားမှုဟာ ထိုစီမံကိန်းနဲ့ ချိတ်ဆက်မှု ရှိနေနိုင်တယ်လို့လည်း သုံးသပ်ချက်တွေ ထွက်ပေါ်နေပါတယ်။