
(မှုခင်း) သြဂုတ် ၉
ရှမ်းပြည်နယ် တောင်ကြီးမြို့၊ ကန်အောက်ရပ်ကွက်တွင် အမျိုးသားတစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဩဂုတ်လ ၈ ရက်၊ ညနေ ၆ နာရီအချိန်ခန့်က တောင်ကြီးမြို့၊ ကန်အောက်ရပ်ကွက်၊ နယ်မြေ(၁)၊ အနော်ရထာလမ်းမပေါ်တွင် တောင်ကြီးခရိုင် မှုခင်းနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ပိတ်ဆို့ရှာဖွေစစ်ဆေးနေစဉ် ၎င်းလမ်းမအတိုင်း အမျိုးသားတစ်ဦး မောင်းနှင်လာသည့် Follow Me Wave-100 အမျိုးအစားဆိုင်ကယ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ဆိုင်ကယ်စီးလာသူမှာ ဇေယျာထွန်း (ခ) ဇူးဇူး ဆိုသူဖြစ်ကြောင်း သိရပြီး ၎င်း ခန္ဓာကိုယ်တွင် လွယ်ထားသည့် အနက်ရောင် ဘေးလွယ်အိတ်အတွင်းမှ စိတ်ကြွမူးယစ်ဆေးဝါး ၂၀၀ ပြားစီပါ အထုပ် ၂ ထုပ်၊ စုစုပေါင်းဆေးပြား ၄၀၀ ပြား၊ အလေးချိန် ၃၆ ဂရမ်ခန့်အား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ စိတ်ကြွမူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ ဇေယျာထွန်း (ခ) ဇူးဇူး အား တောင်ကြီး မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။