
(မှုခင်း) သြဂုတ် ၉
ရန်ကုန် -မန္တလေးအမြန်လမ်း မိုင်တိုင် ၄၀/၃-၄၀/၄အကြား(ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့) (အသွားလမ်း)တွင် လမ်းဖြတ်ကူးမောင်းနှင်လာသည့် ဆိုင်ကယ်အား EVကားမှ တိုက်မိမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယနေ့ ညနေ ၄နာရီကျော်အချိန်က ရန်ကုန် -မန္တလေးအမြန်လမ်းမိုင်တိုင် ၄၀/၃-၄၀/၄အကြားတွင် ဆိုင်ကယ်ကို တစ်ဦးတည်းမောင်းနှင်လာသည့် 70ယ/1008 Wave၊ နက်ပြာရောင်ဆိုင်ကယ်သည် လမ်းအရှေ့ဘက်မှ အနောက်ဘက်သို့ လမ်းဖြတ်ကူးစဉ် ယာဉ်မောင်းပါ ကျား (၂)ဦး မ(၂)ဦး စုစုပေါင်း (၄)ဦး လိုက်ပါလာသည့် BAIC BEIJING အမျိုးအစား၊ အဖြူရောင်EVယာဉ်မှ တိုက်မိခဲ့သော ယာဉ်မတော်တဆမှုဖြစ်ပွါးခဲ့သည်။
အဆိုပါ ယာဥ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါလာသူအားလုံးထိခိုက်ဒဏ်ရာမရရှိခဲ့သော်လည်း ဆိုင်ကယ်စီးသူမှာ ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရသည်။
အလားတူ ယနေ့ ညနေ၄နာရီ၂၀မိနစ်အချိန်ခန့် က ရန်ကုန် -မန္တလေးအမြန်လမ်း မိုင်တိုင် ၃၂/၀-၃၂/၁ကြားတွင် ယာဉ်မောင်းတစ်ဦးတည်း မောင်နှင်လာသော 9K/4096 ISUZU Truck (အဖြူရောင်)ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ တံတားလက်ရမ်းအား ပွတ်တိုက်မိကာလမ်းလယ်ကျွန်းထဲသို့ရောက်ရှိရပ်တန့်ခဲ့သောယာဉ်မတော်တဆမှုဖြစ်ပွါးခဲ့ရာ ယာဉ်မောင်းမှာထိခိုက်ဒဏ်ရာမရရှိခွဲကြောင်း သိရသည်။
အမြန်လမ်းမကြီးများ ဥပဒေအရ အမြန်လမ်းပေါ်တွင်လမ်းလျှောက်သူ/လမ်းဖြတ်ကူးသူ/မော်တော်ဆိုင်ကယ်/စက်ဘီး/ထော်လာဂျီ/သုံးဘီးယာဉ်များ ကျွဲ/နွားလှည်းများမှာသွားလာ ခွင့်မရှိကြောင်းနှင့် အမြန်လမ်းပေါ်၌အဆိုပါ လူ/ယာဉ်/လှည်းများကြောင့် မတော်တဆမှု ဖြစ်ပွားပါက အဆိုပါယာဉ်/လှည်း မောင်းနှင်သူ/လမ်းလျှောက်သူသာအရေးယူခံရမည်ဖြစ်ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့မှ အသိပေးထားသည်။