(မှုခင်း) သြဂုတ် ၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့တွင် အသက် ၆ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ရေတွင်းထဲ ပြုတ်ကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယမန်နေ့ ဩဂုတ်လ ၆ ရက်၊ ညနေ ၅ နာရီခန့်က အောင်ပန်းမြို့၊ နောင်ရဲကျေးရွာနေ အသက် ၆ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးသည် ၎င်းအိမ်နှင့်တစ်အိမ်ကျော်မှ သူငယ်ချင်းဖြစ်သူထံ စာသွားကျက်မည်ဟု ပြောဆိုကာ ထွက်သွားခဲ့ပြီး ညနေ ၆ နာရီအချိန်အထိ နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်း မရှိသဖြင့် မိဘနှစ်ပါးက လိုက်လံရှာဖွေခဲ့ကြောင်း သိရသည်။
ထိုသို့ လိုက်လံရှာဖွေရာတွင် မိန်းကလေးငယ်မှာ သူငယ်ချင်းဖြစ်သူ၏ နေအိမ်မှ ညနေ ၅ နာရီအချိန်ခန့်ကတည်းက ပြန်သွားကြောင်း သိရသဖြင့် လိုက်လံရှာဖွေခဲ့ရာ ကျေးရွာ၏အနောက်ဘက် ရှိ ဆုတောင်းပြည့် ၅ ဆူတောင်ဘုရား ရေစုကန်အတွင်း သေဆုံးလျက် တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ သေဆုံးသူ မိန်းကလေးငယ်၏ ရုပ်အလောင်းအား အောင်ပန်းနာရေးကူညီမှုအသင်းမှ ဆယ်ယူပြီး အောင်ပန်း တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားရှိပြီ သေဆုံးမှုနှင့် ပတ်သက်၍ ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/မဟုတ် သိရှိနိုင်ရန် အောင်ပန်း နယ်မြေ ရဲစခန်းတွင် သေမှုသေခင်း ဖွင့်လှစ်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN