ကျောင်းသားချင်း ဓားနှင့်ထိုးသဖြင့် ကျောင်းသားတစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိ

(မှုခင်း) သြဂုတ် ၅

ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့၊ ကျွန်းပင်သာရပ်ကွက်တွင် ကျောင်းသားချင်းဓားထိုးမှုဖြစ်ကာ ကျောင်းသားတစ်ဦး အပြင်းအထန်ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သြဂုတ်လ  ၄ ရက် မွန်းလွဲပိုင်းအချိန်က Grade – 8 ကျောင်းသား မောင်ခန့်သူဟိန်းသည် ဆိုင်ကယ်​ဖြင့်အိမ်သို့ ပြန်လာစဥ် ၎င်း၏ ဆိုင်ကယ်နောက်မှ လိုက်လာသော Grade – 12 ကျောင်းသားက ဓားဖြင့်ထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဓားထိုးခံရမှုကြောင့် မောင်ခန့်သူဟိန်း၏ ဦးခေါင်း၊ပါး၊ လည်ဂုတ်နှင့် လက်ဖျံ၊ ဝမ်းဗိုက်တို့တွင် ထိုးသွင်းဒဏ်ရာများရရှိထားပြီး အသက်အန္တရာယ်စိုးရိမ်ရကြောင်း ၎င်းအား ဧရာဝတီကရုဏာ အခမဲ့လူမှုကူညီရေးအသင်းမှ အသင်းဝင်များက အေးသုခဆေးရုံမှ မြစ်ကြီးနားဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

Telegram -t.me/positiveanglenews

#PAN