ရေဘေးသင့်အိမ်ထောင်စုများအတွက် ရေကြည်မြို့နယ် မိုးလုံလေလုံအားကစားရုံ၌ ကူညီရေးစခန်းဖွင့်လှစ်

(ပြည်တွင်း) ဩဂုတ် ၄

ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ တောင်လဟာကျေးရွာအုပ်စုအတွင်း ရေဝင်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိရာ ဩဂုတ်လ ၄ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် ရေဘေးသင့်အိမ်ထောင်စုများအား ကူညီရွှေ့ပြောင်းပေးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများကို ရေကြည်မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ရေဘေးကြုံတွေ့နေရသည့် ပြည်သူများအား ဘေးကင်းရာနေရာများသို့ ကူညီရွှေ့ပြောင်းပေးခြင်းနှင့် လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထို့ပြင် ရေဘေးသင့်ပြည်သူများ ယာယီနေထိုင်နိုင်ရေးအတွက် ရေကြည်မြို့နယ် မိုးလုံလေလုံအားကစားရုံ၌ ရေဘေးကူညီရေးစခန်းကို ဖွင့်လှစ်ထားရှိပြီး လိုအပ်သော ထောက်ပံ့ကူညီမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။