(မှုခင်း) ဩဂုတ် ၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်တွင် Toyota DyNa ယာဉ်တစ်စီး တံတားနှင့် ဝင်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဩဂုတ် ၄ ရက် နံနက် ၉ နာရီ ၇ မိနစ်ခန့်တွင် မြောင်းမြမြို့နယ်၊ ကံကော်မြိုင်ရပ်ကွက်အပြင်ပတ်လမ်း၌ မြောင်းမြမှ ပုသိမ်ဘက်သို့ မောင်းနှင်လာသည့် Ayy-5 3N/3150 Toyota DyNa ယာဉ်တစ်စီးသည် ဘေးလူအား ခါးပတ်ပတ်ပေးစဉ် လက်ယာဘက်ရှိ တံတားအား ဝင်တိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါသူတစ်ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ဒဏ်ရာရရှိခဲ့ပြီး ယာဉ်မတော်တဆမှုဖြစ်စဉ်အား နံနက် ၉ နာရီ ၁၀ မိနစ်အချိန်တွင် တာဝန်သိပြည်သူတစ်ဦးက မြောင်းမြမြို့နယ်မီးသတ်စခန်းသို့ ဖုန်းဖြင့် သတင်းပေးပို့ခဲ့ရာ ဦးစီးအရာရှိ ဦးကျော်မင်းသူ ဦးစီး၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၁၀ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၅ ဦးတို့က မီးငြိမ်းသတ်ယာဉ်တစ်စီးဖြင့် သွားရောက်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါထိခိုက်ဒဏ်ရာရရှိသူအား အေးမြဖြူစင်လူမှုကူညီရေးအဖွဲ့၏ သူနာတင်ယာဉ်ဖြင့် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN