တာချီလိတ်တွင် Extension ကြိုးဖြင့် ပန်ကာအသုံးပြုရာမှ အပူလွန်ကဲ၍ မီးလောင်မှု ဖြစ်ပွား

(မှုခင်း) သြဂုတ် ၄

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ မယ်ယန်းကျေးရွာရှိ နေအိမ်တစ်လုံးတွင် လျှပ်စစ်မီးကြိုး အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

သြဂုတ်လ ၄ရက်နေ့ နံနက်ပိုင်းအချိန်က တာချီလိတ်မြို့နယ်၊ ဖန်မင်အုပ်စု၊ မယ်ယန်းကျေးရွာရှိ ဦးအိုက်သာ၏ နေအိမ်တွင် Extension မီးကြိုးဖြင့် ပန်ကာအသုံးပြုရာမှ အပူလွန်ကဲ၍ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း၊ မီးလောင်မှု ဖြစ်ပွားသည့်နေရာသို့ ခရိုင်မီးသတ်တပ်ဖွဲ့မှ မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ ရေသယ်ယာဉ် ၁ စီးနှင့် အုပ်ချုပ်မှုယာဉ် ၁ စီးနှင့် ရပ်ကွက်နေ ပြည်သူများ၏ ဝိုင်းဝန်းငြှိမ်းသတ်မှုကြောင့် နံနက် ၁၁ နာရီခွဲခန့်တွင် မီးငြိမ်းသွားခဲ့သည်။

အဆိုပါ မီးလောင်မှုကြောင့် ဦးအိုက်သာ၏ အလျား ၄၀ ပေ၊ အနံ ၄၀ ပေရှိ လူနေအိမ်အတွင်းရှိ ပန်ကာ၊ Extension မီးကြိုးနှင့် အသုံးအဆောင်ပစ္စည်းအချို့ မီးလောင်ဆုံးရှုံးခဲ့ပြီး လူနှင့်တိရစ္ဆာန် ထိခိုက်ဒဏ်ရာ ရမှု မရှိကြောင်း ၊မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းရင်းနှင့် ဆုံးရှုံးမှုတန်ဖိုးတို့ကို သက်ဆိုင်ရာတာဝန်ရှိသူများက ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN