(မှုခင်း) သြဂုတ် ၄
ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၁၄၃/၆ အနီး၊ ရန်ကုန်မှ နေပြည်တော်သို့(အသွားလမ်း)၌ Toyota Alphard ယာဥ် မီးလောင်မှု မတော်တဆဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယနေ့မွန်းလွဲ၁နာရီကျော်အချိန်က ရန်ကုန်-မန္တလေးအမြန်လမ်းမပေါ်တွင် ရန်ကုန်မှ နေပြည်တော်သို့ ယာဉ်မောင်းပါ ကျား(၅)ဦး စုစုပေါင်း (၅)ဦး လိုက်ပါလာသည့် Toyota Alphard အဖြူရောင်ယာဉ်သည် မောင်းနှင်နေစဉ် အချက်ပြမီး လင်းလာ၍ ယာဉ်အားရပ်တန့်ပြီး ရှေ့စက်ဖုံးအားဖွင့်ကြည့်ရာ အင်ဂျင်ခန်းမှ မီးလောင်နေခဲ့သော ယာဉ်မတော် တဆမှုဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်ကြောင့်ယာဥ်၁စီးလုံးမီးလောင်ပျက်စီးသွားသော်လည်း ယာဉ်ပေါ်ပါလာသူအားလုံး ထိခိုက် ဒဏ်ရာမရရှိခဲ့ကြောင်း အမြန်လမ်းအသုံးပြုသည့် ယာဉ်မောင်းများ အနေဖြင့်မိမိယာဉ်၏ ကြံ့ခိုင်မှုအား လမ်းပေါ်မရောက်မီ သေချာစွာ စစ်ဆေးကြရန် လိုအပ်ပြီး အိမ်စီးကားများမှာ 100 km/hr ၊ ကုန်တင်ယာဥ်+ပစ်ကပ်ယာဥ်များ မှာ 60km/hr နှုန်းသာအများဆုံးမောင်းနှင်ကြပါရန်မြန်လမ်းမကြီးထိန်းသိမ်း ပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့မှအထူး သတိပေးထားကြောင်း သိရသည်။

Telegram»…https://t.me/positiveanglenews
#PAN